ချင်းတောင်ခြေရင်း ကလေး တက္ကသိုလ် ဘွဲ့နှင်းသဘင် ကျင်းပ

၂၀၀၉၊ဧပြီ၊၇ရက်

ကလေးတက္ကသလိုလ်၏ စတုတ္ထအကြိမ်ဘွဲ့နှင်းသဘင်ကို ဖေဖော်ဝါရီလ ၂၈ရက်နေ့မှစတင်၍
မတ်လ၁ရက်နှင့် ၂ရက်နေ့အထိ ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။ကလေးတက္ကသိုလ်ဟုခေါ်ဆိုရမည့် ကလေး
ကောလိပ်ကို ၁၉၉၃ခုနှစ်ဖေဖော်ဝါရီလ ၁၆ရက်နေ့တွင်စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ကလေးကောလိပ်သည်ချင်း
ပြည်နယ် ခိုင်ကမ်းရွာအနီး၌ တည်ရှိပြီး ချင်းပြည်နယ်မြောက်ပိုင်းဖလမ်း၊ဟားခါး၊တီးတိန်၊ ထန်တလန်၊ တွန်းဇံမြို့
နယ်များမှ တိုင်းရင်းသားများ၊စစ်ကိုင်းတိုင်းအနောက်မြောက်ဒေသ ကလေး၊ကလေးဝ၊မင်းကင်း၊တမူးဒေသများမှ
တိုင်းရင်းသားဒေသခံများ အဆင့်မြင့်ပညာဆည်းပူးရာ ကျောင်းတော်ကြီးလည်း ဖြစ်သည်။ ကလေးကောလိပ်ကို
ကလေးဒီဂရီကောလိပ်အဖြစ်လည်းကောင်း၊၂၀၀၃ခုနှစ် မေလ၁၃ရက်နေ့တွင် ကလေး တက္ကသိုလ် အဖြစ်လည်း
ကောင်း နိုင်ငံတော်အကြီးအကဲများက ဒေသလိုအပ်ချက်နှင့်အညီ ဖြည့်ဆည်းခဲ့သည်။ယခုစတုတ္ထအကြိမ်ကလေး
တက္ကသိုလ်ဘွဲ့နှင်းသဘင်တွင် ဘွဲ့ရယူသူပေါင်း (၁၆၅)ဦးရှိကြောင်း၂၆.၃.၂၀၀၉ရက်နေ့ထုတ် News Watch ဂျာ
နယ်တွင်ဖော်ပြထားပါသည်။(တောင်ဇလပ်သတင်း)

Comments