သီပေါမင်း၏ မှန်ပေါင်

သစ်သားကို ပန်းပုထု ၊ မှန်စီရွှေချပြီး ကိုယ်လုံးပေါ် မှန်ချပ် ကြီးကြီးကို ထည့်ပါသည် ။ ခရစ် တစ်ဆယ့်ကိုးရာစုနှစ် နောက်ပိုင်း ထက်ဝက်တွင် အသုံးများသည်ဟု ထင်သည် ။ အမြင့် ၈၂ စင်တီမီတာ ၊ I.S.ရ၊၁၉၆၈ ။
အခုပြထားသည့် မှန်ပေါင်ကို မစ္စစ် အေအီဗက်ကေး က ပြတိုက်တွင် ပေးအပ်ခဲ့သည် ။
ထိုမှန်ပေါင်၏ ထိပ်တွင် သစ်သားနှင့် မှန်စီရွှေချလုပ်ထားပုံ မျိုးကို ပုဂံအာနန္ဒာဘုရား မုခ်ပေါက်များတွင် တွေ့ရမည် ဖြစ်ပါ သည် ။ ထိုအရာမျိုး မြန်မာများ ပြုလုပ်သုံးစွဲတတ်ခြင်းသည် နှစ်ကာ လကြာပြီဟု ဆိုနိုင်ပါသည် ။ အဆောက်အအုံအတွင်း အ၀င်-အထွက် တံခါးကြီးများတွင် ၀င်ပေါက် ၊ထွက်ပေါက်တံခါးကြီး များတွင် မှန်စီရွှေချ လုပ်ထားတတ်သည် ။ ဘုရားခန်းတွင်လည်း ပြတင်းပေါက်ပုံသဏ္ဍာန်လုပ်၍ ဘုရားဆင်းတုထည့်ပြီး ကိုးကွယ်ကြပါသည် ။ ထိပ်အလယ်မှရုပ်သည် ဥဒေါင်းငှက်တစ်ကောင် ဖြစ်သည် ။ ထိုဥဒေါင်းသည် မြန်မာနိုင်ငံ၏ နောက်ဆုံးမင်းဆက် တံဆိပ်တော်ဖြစ် ၏ ။ လက်ဝဲ ၊ လက်ျာ ဘေးနှစ်ဘက်တွင် တစ်ဖက်မှာ မကန်း(မကာရ)နှစ်ကောင် ခွေလိပ်ထွေးယှက်ပြီးနေ သည်ကို တွေ့ရမည် ။ ထိုအကောင် (မကန်း)တွေကို ရှေးအိန္ဒိယမှ မြန်မာက ယူငင်သုံးစွဲ သည်ဟု ပြောနိုင် ပါသည် ။ မြန်မာက ထိုသတ္တ၀ါကို တိုးနယားဟုခေါ်ပါသည် ။
ထိုမှန်ကို သီပေါမင်းနန်းကျချိန် ခရစ်နှစ် ၁၈၈၅ခု မန္တလေးနန်းတွင်းမှ သိမ်းယူခဲ့သော ပစ္စည်း ဖြစ် ပါသည် ။ ထိုအချိန်က သိမ်းယူခဲ့သော ပစ္စည်းအမြောက်အမြားတွေသည် အမှတ်တရအဖြစ် အင်္ဂလန်ကို ရောက်ရှိလာပါသည်။

Comments