ရွှေဝါရောင်တော်လှန်ရေး(၂)ပြည့်နှစ်ပတ်လည်နေ့(ကိုရီးယား)

2009/09/27

၂၀၀၉ခုနှစ် စက်တင်ဘာလ ၂၇ရက်တနင်္ဂနွေနံနက် ၁၁နာရီအချိန်မှ၁၂နာရီအချိန်ထိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချူပ်(လွှတ်မြောက်နယ်မြေ)ကိုရီးယားဌာနခွဲကဦးစီး၍ (၂)နှစ်ပြည့်
ရွှေဝါရောင်တော်လှန်ရေး နှစ်ပတ်လည် နေ့ကို ကိုရီးယားနိုင်င
ံဆိုးလ်မြို့တွင်ရှိသော နအဖသံရုံးရှေ့တွင် သတင်းစာရှင်းလင်းပွဲပြု
လုပ်ခဲ့ပါသည်။

ထိုသတင်းစာရှင်းလင်းပွဲသို့ ချင်းတိုင်းရင်းသားအဖွဲ့အစည်း
(ကိုရီးယား)၊ကရင်လူငယ်အစည်းအရုံး(ကိုရီးယား)၊ ဘားမား
အက်ရှင်(ကိုရီးယား)၊မြန်မာနိုင်ငံတိုင်းရင်းသားညီအစ်ကိုများ
ပူးပေါင်းဆောင်ရွက်ကြပါသည်။ထို့အပြင် အမျိုးသားဒီမိုက
ရေစီအဖွဲ့ချူပ်(လွှတ်မြောက်နယ်မြေ)ကိုရီးဌာနခွဲမှတွဲဘက်
သုတေသနမှူးဦးဝင်းလှိုင်နှင့်ချင်းတိုင်း ရင်းသားအဖွဲ့အစည်း
(ကိုရီးယား)တာန်ဇမ်းလျှန်းခိုင်တို့က အသီးသီးသဘောထား
ထုတ်ပြန်ကြေငြာချက်များကို သံရုံးရှေ့တွင်ထုတ်ပြန်ကြေငြာ
ခဲ့သည်။

အဆိုပါအခမ်းအနားသို့ အင်အား (၅၀)ကျော်တက်ရောက်ပြီး နေလည် ၁၂ နာရီတွင်
သတင်းစာရှင်းလင်းပွဲကို အောင်မြင်စွာရုပ်သိမ်းပြီး၊ထိုသတင်းစာရှင်းလင်းပွဲသို့တက်
ရောက်သောသူအားလုံးကို ဦးဝင်းဘို(ဆုံဆည်းရာ စားသောက်ဆိုင်)ပိုင်ရှင်နေ့လည်
စာဖြင့်ကျွေးမွေးကြောင်းသတင်းရရှိပါသည်။(တောင်ဇလပ်)

Comments