အာရှ၏ ပထမဦးဆုံး နှလုံးနှင့် အသဲ တပြိုင်တည်း ခွဲစိတ်လဲလှယ်မှု

ဆလိုင်း လက် တာန်
(၂၅၊ ၄၊ ၂၀၀၉) ရက်၊ နံနက် (၉း၃၀) နာရီ။

စင်္ကာပူနိုင်ငံသား အသက် ၅၈ နှစ်အရွယ်ရှိ ခရစ်ယာန်တရားဟောဆရာ လော်ချင်ကွီးသည် ထူးဆန်းသော
အသဲရောဂါတစ်မျိုးကို ခံစားရလျက်ရှိသည်။ အသဲမှမျိုးဗီဇတစ်ခုသည် ပုံစုံပြောင်းပြီးလျှင် ထူးဆန်းသော ပရို
တင်းဓါတ်များ ထုတ်လွှတ်နေသောကြောင့် ကြာသောအခါ အာရုံကြောများကိုထိခိုက်၍ နှလုံး၏ လုပ်ငန်းများ
ကိုပါ နှောက်ယှက်မှုပြုလေသည်။ ထို့ကြောင့် စင်္ကာပူအထွေထွေဆေးရုံကြီးသို့ တက်ရောက်၍ ကုသခဲ့ရာ ဆ
ရာဝန်များအဖွဲ့က လူနာ၏နှလုံးနှင့်အသဲကိုတပြိုင်တည်းဖယ်ရှား၍အစားထိုးလဲလှယ်ရန်ဆုံးဖြတ်ခဲ့ကြသည်။
၁၃ နာရီကြာ ခွဲစိတ်အစားထိုးပြီးနောက် လူနာ၏အခြေအနေမှာ ကောင်းမွန်လာသည်ကိုတွေ့ရှိရသည်။ ယခု
ကဲ့သို့ နှလုံးနှင့်အသဲ တပြိုင်တည်းအစားထိုးလဲလှယ်ခြင်းသည် အာရှတွင် ပထမဆုံးအကြိမ်ဖြစ်သည်။ စင်္ကာ
ပူနိုင်ငံသည် အာရှတွင် အကောင်းဆုံးသော ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်များရှိသဖြင့် နှစ်စဉ် နိုင်ငံ
ခြားလူနာများ အများအပြားလာရောက် စမ်းသပ်ခြင်း၊ ကုသခြင်းများပြုလုပ်ကြသည်ကိုတွေ့ရသည်။
(အေအက်ဖ်ပီ)

Comments