ရန်နိုင်ထွန်း(NLDLA KOREA)
၂၄၊ဧပြီ၊၂၀၀၉၊သောကြာ
တောင်ကိုရီးယားနိုင်ငံ၏ လူ့အခွင့်အရေးဆိုင်ရာ အမြင့်မားဆုံး ဆုတစ်ခုဖြစ်သည့် ဂွမ်ဂျူးလူ့အခွင့်အရေးဆုကို
၂၀၀၉ခုနှစ်အတွက် မြန်မာနိုင်ငံမှ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်အား ရွေးချယ်လိုက်
ကြောင်း ကိုရီးယားနိုင်ငံ ဂွမ်ဂျူးမြို့ရှိ May 18 Memorial Foundation မှ ၂၀၀၉ခုနှစ် ဧပြီလ ၂၄ ရက်သောကြာ
နေ့ ကိုရီးယား စံတော်ချိန် မနက်၁၁နာရီက ကိုရီးယားနိုင်ငံအတွင်းရှိ သတင်းမီဒီယာများမှတဆင့် တရားဝင်သ
တင်းထုတ်ပြန်လိုက်သည်။
ထို ဂွမ်ဂျူးလူ့အခွင့်အရေးဆုကို ၂၀၀၀ခုနှစ်မှ စတင်၍ ကိုရီးယားနှင့် နိုင်ငံတကာမှဒီမိုကရေစီနှင့်လူ့အခွင့်အရေး
ကို တက်ကြွစွာဖြင့် လှုပ်ရှားဆောင်ရွက်သူများကို ရွေးချယ်၍ ဆုချီးမြှင့်ပေးခြင်းဖြစ်ပြီး ၂၀၀၄ခုနှစ်ကမြန်မာ့ဒီမိုက
ရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ရရှိခဲ့ပြီး ယခုတစ်ကြိမ်တွင်မူ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်
ကိုမင်းကိုနိုင်သည် ၂၀၀၉ ခုနှစ် ဂွမ်ဂျူး လူ့အခွင့်အရေးဆုရှင်အဖြစ်ရွေးချယ်လိုက်ခြင်းခံရသူဖြစ်သည်။
အဆိုပါဆုကို ၂၀၀၉ခုနှစ် မေလ ၁၈ရက်နေ့တွင် ကိုရီးယားနိုင်ငံ ဂွမ်ဂျူးမြို့ရှိ May 18 Memorialခန်းမဆောင်
တွင် အခမ်းအနားဖြင့် ဆုချီးမြှင့်မှာဖြစ်ပြီး ဆုအဖြစ် အမေရိကန်ဒေါ်လာ ငါးသောင်းနှင့်အတူဂွမ်ဂျူးလူ့အခွင့်
အရေး ဆုတံဆိပ်ပါရွှေပြားနှင့် ဂုဏ်ထူးဆောင်လက်မှတ်အား ချီးမြှင့်ပေးအပ်မည် ဖြစ်ပါသည်။
လွန်ခဲ့သော ၂၀၀၄ခုနှစ်က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဂွမ်ဂျူး လူ့အခွင့်အရေးဆု
ရရှိခဲ့စဉ်က ဆုအဖြစ် ဂွမ်ဂျူးလူ့အခွင့်အရေး ဆုတံဆိပ်ပါရွှေပြားနှင့် ဂုဏ်ထူးဆောင်လက်မှတ်နှင့်အတူ ငွေသား
အမေရိကန်ဒေါ်လာ တစ်သောင်း သာရရှိခဲ့သော်လည်း ၂၀၀၅ ခုနှစ်မှစ၍ ဆုငွေအား အမေရိကန်ဒေါ်လာ
တစ်သောင်းမှ အမေရိကန်ဒေါ်လာ ငါးသောင်းသို့ တိုးမြှင့် ချီးမြှင့်လိုက်ခြင်းဖြစ်သည်။
ထိုကဲ့သို့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်အား ဂွမ်ဂျူးလူ့အခွင့်အရေးဆုရရှိနိုင်စေရေးအတွက်
ဆုရွေးချယ်ရေးအဖွဲ့သို့ အဆိုတင်သွင်းခဲ့သည့် အဖွဲ့အစည်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လွတ်မြောက်နယ်မြေ
ကိုရီးယားဌာနခွဲမှဖြစ်ပြီး ကိုမင်းကိုနိုင်နှင့် ပတ်သက်သည့် သမိုင်းအချက်အလက်အထောက်အထားများကို နိုင်ငံ
ရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့( AAPP) နှင့် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဗဟိုဌာနချုပ်တို့
မှဝိုင်းဝန်းရှာဖွေ ပေးပို့ခဲ့ကြပါသည်။
ဂွမ်ဂျူး လူ့အခွင့်အရေးဆုနှင့် စပ်လျဉ်း၍ သမိုင်းဖြစ်စဉ်ကို သိရှိလိုပါက ဤနေရာတွင်ကလစ်ပြီး သွားရောက်၍လေ့လာနိုင်ပါသည်။

Comments
Post a Comment