၆ လ အခွန် လျော့ပေါ့ခြင်း

ကြာသပတေးနေ့၊ သြဂုတ်လ ၁၈ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၀၇ မိနစ်


ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရ
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန
ဝန်ကြီးရုံး

အမိန့်ကြော်ငြာစာ
အမှတ် ၁၅၇/၂ဝ၁၁
၁၃၇၃ခုနှစ် ဝါခေါင်လပြည့်ကျော် ၄ရက် (၂ဝ၁၁ ခုနှစ် သြဂုတ်လ ၁၈ရက်)


၁။ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနသည် ဝင်ငွေခွန် ဥပဒေ ပုဒ်မ ၄တွင် အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကို ကျင့်သုံး
၍ ၂ဝ၁၁ခုနှစ် သြဂုတ်လ ၁၈ ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်
ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁၈/၂ဝ၁၁) မှသဘောတူခွင့်ပြုချက်အရဤ အမိန့်ကြောငြာစာ
ကို ထုတ်ပြန်လိုက်သည်။

၂။ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၏ ၅- ၆ -၂ဝဝ၆ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် ၁၂၄/၂၀၀၆ ၏ အပိုဒ် ၂၊ အပိုဒ်ခွဲခနှင့် အပိုဒ် ၃တို့တွင် ထုတ်ပြန် ပြဌာန်းချက်များအရ ပြည်တွင်းနေ နိုင်ငံသားနှင့် ပြည်ပနေ နိုင်ငံသားများ
က နိုင်ငံခြားငွေဖြင့် ရရှိသည့် လစာခေါင်းစဉ်မှ ဝင်ငွေ စုစုပေါင်းအပေါ် ရရှိသည့် နိုင်ငံခြားငွေ အမျိုးအစားဖြင့်
ပေးဆောင်စေသည့် ဝင်ငွေခွန်ကို ၁၀ ရာခိုင်နှုန်းအစား ၂ ရာခိုင်နှုန်းသို့ လျှော့ပေါ့ သတ်မှတ်လိုက်သည်။

၃။ ဤအမိန့်ကြော်ငြာစာသည် ၂ဝ၁၁ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့မှ စ၍ ၂ဝ၁၂ခုနှစ် ဖေဖော်ဝါရီလ ၁၈ရက်နေ့ထိ
(၆) လ အကျိုးသက်ရောက်စေရမည်။

(လှထွန်း)
ပြည်ထောင်စုဝန်ကြီး


------------------------------------------####################----------------------------------------------

စီအမ်ပီများ ဝင်ငွေခွန် ၁ဝမှ ၂ ရာနှုန်းသို့လျှေှာ့

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရ
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန
ဝန်ကြီးရုံး

အမိန့်ကြော်ငြာစာ
အမှတ် ၁၅၆/၂ဝ၁၁

၁။ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနသည် ဝင်ငွေခွန်ဥပဒေပုဒ်မ ၄တွင် အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ၂ဝ၁၁ခုနှစ် သြဂုတ်လ ၁၈ ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၁၈/၂ဝ၁၁) မှသဘောတူခွင့်ပြုချက်အရဤ အမိန့်ကြောငြာစာကို ထုတ်ပြန် လိုက်သည်။

၂။ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၏ ၅-၆-၂ဝဝ၆ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၁၂၃/၂ဝဝ၆ ၏ အပိုဒ် ၄၃
တွင် ထုတ်ပြန် ပြဌာန်းချက်အရ ပုဂလိက လက်ခစားလုပ်ငန်း (စီအမ်ပီ) စနစ်ဖြင့် ဆောင်ရွက်သော လုပ်ငန်း
နိုင်ငံခြားငွေ ရရှိမှုအပေါ် ရရှိသည့် နိုင်ငံခြားငွေ အမျိုးအစားဖြင့် ပေးဆောင်စေသည့် ဝင်ငွေခွန်ကို ၁ဝ ရာခိုင်နှုန်း အစား ၂ရာခိုင်နှုန်းသို့ လျှော့ပေါ့ သတ်မှတ်လိုက်သည်။

၃။ ဤအမိန့်ကြော်ငြာစာသည် ၂ဝ၁၁ခုနှစ် သြဂုတ်လ ၁၉ရက်နေ့မှစ၍ ၂၀၁၂ခုနှစ် ဖေဖော်ဝါရီလ ၁၈ရက်နေ့ထိ (၆)လ အကျိုး သက်ရောက်စေရမည်။

(လှထွန်း)
ပြည်ထောင်စုဝန်ကြီး


မဇ္ဈိမသတင်းဌာန |

Comments