တောင်ကိုရီးယားနိုင်ငံ ၂၀၁၀ Honbill Cup

တောင်ဇလပ်

ချင်းခရစ်ယာန်အသင်းတော်(Chin Christian Felowship, Korea)မှ ပထမဆု ရယူစဉ်
တောင်ကိုရီးယားနိုင်ငံတွင် ချင်းလူမှုရေးအသင်း(ကိုရီးယား)မှ ဦးစီကြီးမှူးကျင်းပသော Hornbill Cup ကို ၂၀ရက်၊ ဇွန်လ၊ ၂၀၁၀ခုနှစ် မနက် ၁၀နာရီမှ ညနေ ၅နာရီအထိ ထယ်းရိမ် အလယ်တန်းကျောင်း အားကစားကွင်းတွင် ကျင်းပခဲ့ကြောင်းသိရှိရပါသည်။ ထိုပြိုင်ပွဲတွင် ပူချွန်းမြန်မာခရစ်ယာန်အသင်းတော်အသင်းတော်၊ အွန်နရီမြန်မာခရစ်ယာန်အသင်းတော်၊ ချင်းခရစ်ယာန်အသင်းတော်တို့အသီးသီး ဝင်ပြိုင်ကစားခဲ့ရာ ၂၀၁၀ ချန်ပီယံ ပထမဆုကို ချင်းခရစ်ယာန်အသင်းတော်မှရရှိပြီး ၂၀၀၉ခုနှစ် ကစားရာ၌လည်း ချင်းခရစ်ယာန်အသင်းတော်မှ ဆွတ်ခူးရရှိကြောင်း သတင်းရရှိပါသည်။

Comments