ကေအိုင်အို နဲ့မြန်မာစစ်အစိုးရတို့ ညှိနှိုင်းမှုအဖြေမရသေးခင် နှစ်ဖက်တပ်များ စစ်ပြင်ဆင်ထား

မတ်လ ၁ ရက်နေ့မှ ၆ ရက်နေ့ထိ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (ကေအိုင်အို) အရာရှိများ အရေးတကြီးတွေ့ ဆုံပြီး ဗဟိုကော်မတီအစည်းဝေးကျင်းပခဲ့ပေမယ့် အစည်းဝေးရလဒ် ထုတ်ပြန်ကြေငြာခြင်းမရှိသေးခင်မှာ တစ်ဖက်နဲ့တစ်ဖက် တင်းမာမှုတွေရှိလာပါတယ်။

နှစ်ဖက် စစ်တပ်များဟာ ဖြစ်လာနိုင်တဲ့ ပြည်တွင်းစစ်အတွက် တစ်ဖက်နဲ့တစ်ဖက် စစ်အသင့်အနေထား ပြင်ဆင်ထားတာတွေလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မြန်မာစစ်တပ်ဖက်ကလည်း ကေအိုင်အို ဗဟိုဌာနချုပ် လိုင်ဇာအနီးတွင် စစ်တပ် တပ်ရင်း ၂ ရင်းကို ပြီးခဲ့တဲ့ ဖေဖေါ်လကုန်ပိုင်းကနေ နေရာယူထား ကြောင်းသိရပါတယ်။

ယခင် ကေအိုင်အို ဌာနချုပ်ဟောင်း ပါဂျောင်-နဖေါ့ မှာ လည်း မြန်မာတပ်စခန်းမှာ တပ်ရင်း ၁ ရင်းသာချထားခဲ့ ပေမယ့် အခုခါ ပင်းပေါအခြေစိုက် ခြေမြန်တပ်ရင်း (ခမရ) အမှတ် ၅၂၁ နဲ့ မိုးကောင်းအခြေစိုက် ခြေလျင်တပ် ရင်း (ခလရ) အမှတ် ၇၄ တို့ကို တိုးချထားတယ်လို့ ကေအိုင်အို သတင်းရပ်ကွက်ကဆိုပါတယ်။

ယင်းတပ်ရင်း ၂ ရင်းတွင် စစ်အင်အား ၇၃၀ ကျော်ရှိပြီး ကေအိုင်အို ဌာနချုပ်လိုင်ဇာ နဲ့ တခြားတရုတ် နယ်စပ် အနီးတွင် အခြေစိုက်တဲ့ ကေအိုင်အေ အမာခံစခန်းများထိ ပစ်ခတ်နိုင်တဲ့ အမြှောက်ကြီးများလည်း သယ်ပို့ထား ကြောင်း ကေအိုင်အေ အရာများမှ သိရပါတယ်။

ကေအိုင်အေဖက်ကလည်း တပ်သားသစ်စုဆောင်းမှုတွေကို ရှမ်းပြည်နယ် ကချင်ပြည်နယ်မှာ ပြုလုပ်နေတဲ့ အတွက် မသွားချင်တဲ့လူငယ်တွေကတော့ ထွက်ပြေးတိမ်းရှောင်နေတယ်လို့ သူတို့မိသားစုဝင်တွေကပြောပါ တယ်။

အခုလို ကေအိုင်အိုအတွက် အရေးကြီးဆုံးဖြတ်ချက်ချနေတဲ့ချိန်မှာ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒု-သဘာပတိ ဒုဗိုလ်ချုပ်ကြီး အင်ဘန်လအောင်ကတော့ စင်္ကာပူမှာ ဆေးကုသွားရာကနေ အခုချိန်ထိ လိုင်ဇာဌာန ချုပ်ကို မရောက်သေးပါဘူး။

ကေအိုင်အိုကတော့ နယ်ခြားစောင့်တပ်ဖွဲ့ပြောင်းလဲကိစ္စနဲ့ ပတ်သက်လို့ အစည်းဝေးဆုံးဖြတ်ချက်ကို မကြာမီ လူသိရှင်ကြား ထုတ်ပြန်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။

Source :http://kachinnews.com/burmese/2010-01-18-05-43-21/54-2010-03-10-14-29-09.html

Comments