2010/01/03
၆၂နှစ်မြောက် လွတ်လပ်ရေးအခမ်းအနားကို ကိုရီးယားနိုင်ငံမြန်မာ့ဒီမိုကရေစီ အင်အားစုများမှ ၃ရက် ဇန်နဝါရီလ ၂၀၁၀ခုနှစ် ဒေသစံတော်ချိန် ညနေ၂နာရီမှ၎နာရီအထိ လွတ်လပ်ရေးအခမ်းအနားနှင့် ဆွေး နွေးပွဲများပြုလုပ်ခဲ့ကြောင်းသိရပါသည်။
ထိုအခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ကိုရီးယားဌာနခွဲရုံးတွင် ကျင်းပရာ ကိုရီးယားရောက် မြန်မာ့ဒီမိုကရေစီအရေးကိုစိတ်ဝင်စားကြသောညီအစ်ကိုများတက်ရောက်ကြသည်။၎င်း အပြင် ညီညွတ်သောတိုင်းရင်းသားအစည်းအရုံး(ကိုရီးယား)တာဝန်ရှိပုဂ္ဂိုလ်များ၊ကရင်လူငယ်များအစည်းအရုံး၊ (KYO-KOREA)၊ချင်းတိုင်းရင်းသားအဖွဲ့အစည်း(CNC-KOREA)၊ဘားမားအက်ရှင်၊ထောင်စုပြုတင်းအယ်ဒီတာ၊စ သည့်အဖွဲ့အစည်းများတက်ရောက်ဆွေးနွေးကြောင်း သိရသည်။
ထိုနောက် အခမ်းအနားတက်ရောက်သူများကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ကိုရီးယား ဌာနခွဲမှ လက်ဖက်ရည်နှင့်သကြားပလာတာဖြင့် ဧည့်ခံကျွေးမွေးကြောင်း သတင်းရရှိပါသည်။

Comments
Post a Comment