မြန်မာသင်္ဘောသားပါ စင်ကာပူ သင်္ဘောကို ပြန်ပေးဆွဲ

22/Oct/2009

ဆိုမာလီပင်လယ်ဓားပြများ ပြန်ပေးဆွဲခံထားရသော စင်ကာပူနိုင်ငံ
ံ PIL (PacificInternational Line)သင်္ဘောကုမ္ပဏီပိုင်MV Kota
Wajarကွန်တိန်နာ သင်္ဘောမှမြန်မာသင်္ဘောသားတစ်ဦးအပါအ၀င်
စုစုပေါင်းသင်္ဘောသား(၂၁)ဦးတို့ အမြန်ဆုံးလွတ်မြောက်ရေးအတွက်
စင်ကာပူနိုင်ငံရှိ အဆိုပါသင်္ဘောလိုင်းမှတာဝန်ရှိသူကိုယ်တိုင် ပြန်ပေး
ဆွဲပင်လယ်ဓားပြများနှင့် စေ့စပ်ညှိနှိုင်းနေကြောင်း ရန်ကုန်မြို့ရှိ PIL
သင်္ဘောကုမ္ပဏီရုံးခွဲမှဌာနကိုယ်စားလှယ် ဒေါ်ရုလ်အေးက ပြောသည်။

“ဒီကစထွက်တော့ မြန်မာနိုင်ငံက သင်္ဘောသားသုံးယောက် ပါသွား
တယ်။ ဒါပေမယ့်နှစ်ယောက်က စင်္ကာပူနိုင်ငံမှာဆင်းနေခဲ့ပြီး ကျန်တစ်
ယောက်ပဲ ဆက်လိုက်သွားရာကနေ အခုလိုပြန်ပေးဆွဲ ခံရတာပါ။ အဲဒီ
မြန်မာသင်္ဘောသားက သင်္ဘောအင်ဂျင်နီယာဖြစ်ပါတယ်” ဟု ဒေါ်ရုလ်
အေးက ဆိုသည်။

အဆိုပါ ကွန်တိန်နာသင်္ဘောသည် အိန္ဒိယသမုဒ္ဒရာဆေးရှဲလ်ကျွန်း
မြောက်ဘက်မိုင်၁၅၀အကွာတွင်ယခုလ၁၅ရက်နေ့၌ ဆိုမာလီပင်
လယ်ဓားပြများ၏ ပြန်ပေးဆွဲခံထားရခြင်းဖြစ်သည်။သင်္ဘောပေါ်ရှိ
သင်္ဘောသားများ၏ ကျန်းမာရေး အခြေအနေမှာကောင်းမွန်လျက်
ရှိပြီး စိုးရိမ်ဖွယ်မရှိကြောင်း ၄င်းကပြောသည်။

သင်္ဘောများပြန်ပေးဆွဲခံရသည့်အခါတိုင်းတွင် ပုံမှန်အားဖြင့်တစ်လ
မှသုံးလခန့်ကြာ ညှိနှိုင်းပြီးမှသာ ပင်လယ်ဓားပြများက ပြန်လွှတ်ပေး
တတ်ကြောင်း ၄င်းကပြောသည်။ဆိုမာလီပင်လယ်ဓားပြတွေက အမေ
ရိကန်ဒေါ်လာရှစ်သန်းပေးမှ သင်္ဘောသားတွေနဲ့ သင်္ဘောကိုပြန်လွှတ်
ပေးမယ်လို့ ပြောထားကြပါတယ်။ ဒါကိုကျွန်မတို့ စင်ကာပူကုမ္ပဏီက
တာဝန်ရှိသူတွေနဲ့ စင်ကာပူအစိုးရတို့ ပူးပေါင်းပြီးအမြန်ဆုံးညှိနှိုင်းဖြေ
ရှင်းပေးသွားမှဖြစ်ကြောင်း မြန်မာတိုင်း(မ်)ဂျာနယ်တွင် ဖော်ပြထားပါ
သည်။

Comments