တောင်ကိုရီးယားအစိုးရက မြန်မာ့ဒီမိုကရေစီလှုပ်ရှားသူ မြန်မာနိုင်ငံသား(၁၂)ဦးအားနိုင်ငံရေးခိုလှုံခွင့်ပေး

2009/10/07

တောင်ကိုရီးယားနိုင်ငံအစိုးရ တရားရေးဌာနမှနေ၍ ယနေ့ ဒေသစံတော်ချိန် နေ့လည် ၂ နာရီအချိန်တွင်
တောင်ကိုရီးယားနိုင်ငံအတွင်းရှိ မြန်မာ့ဒီမိုကရေစီအရေးကို ဆောင်ရွက်လှုပ်ရှားနေကြသူမြန်မာနိုင်ငံသား
(၁၂)ဦးအား နိုင်ငံရေးခိုလှုံခွင့်ကိုပေးလိုက်ကြောင်းသိရှိရပါသည်။

ထိုကဲ့သို့ နိုင်ငံရေးခိုလှုံခွင့်ရရှိသူမြန်မာနိုင်ငံသား(၁၂)ဦးမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)
ကိုရီးယားဌာနခွဲမှအဖွဲ့ဝင်(၈)ဦးနှင့်ချင်းတိုင်းရင်းသားအဖွဲ့အစည်း-ကိုရီးယား(CNC-Korea)အဖွဲ့ဝင်(၄)ဦးများ
ဖြစ်ကြပါသည်။၎င်းအဖွဲ့အစည်းသည် တောင်ကိုရီးယားနိုင်ငံတွင်နိုင်ငံရေးလှုပ်ရှားနေသောချင်းတိုင်းရင်းသား အဖွဲ့အစည်း ဖြစ်သည်။

တောင်ကိုရီးယားနိုင်ငံသည် ကုလသမဂ္ဂ ဆိုင်ရာ အထွေထွေညီလာခံကြီးမှ ချမှတ်ထားသောဒုက္ခသည်များ လက်ခံရေးဆိုင်ရာမူဝါဒများကို ၁၉၉၂ ခုနှစ်ကတည်းက လက်ခံသဘောတူ လက်မှတ်ရေးထိုးထားခဲ့သော် လည်း၂၀၀၁ခုနှစ်ဖေဖော်ဝါရီလတွင်မှ အသက်(၂၆)နှစ်အရွယ်ရှိ အီသီယိုးပီးယားနိုင်ငံသားတဦးကိုတရားဝင် ပထမဆုံးနိုင်ငံရေးဆိုင်ရာခိုလုံခွင့်ပေးခဲ့ပြီး၊၂၀၀၂ခုနှစ်ဒီဇင်ဘာလတွင် ဒုတိယအကြိမ်အနေဖြင့် အသက်(၅၀) ကျော်အရွယ်ရှိကွန်ဂိုနိုင်ငံသားတဦးအားထပ်မံ၍ခွင့်ပြုခဲ့ကာ၂၀၀၃ခုနှစ်ဇန်န၀ါရီလတွင်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ကိုရီးယားဌာနခွဲမှမြန်မာနိုင်ငံသား(၃)ဦးကို တတိယအကြိမ်အနေဖြင့်ခွင့်ပြုခြင်း ကိုခံခဲ့ရပြီးနောက် ယနေ့အထိဆိုလျှင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ကိုရီးယားဌာနခွဲမှ အဖွဲ့ဝင်(၃၂)ဦးအနက်(၂၂)ဦးမှာနိုင်ငံရေးဆိုင်ရာခိုလုံခွင့်ကိုရရှိထားပြီးဖြစ်ပါသည်။

တောင်ကိုရီးယားနိုင်ငံအတွင်း နိုင်ငံတကာမှနေ၍ ၁၉၉၄ ခုနှစ်မှ ၂၀၀၉ ခုနှစ် မေလအထိ ဒုက္ခသည်အဖြစ် ခိုလှုံခွင့်ရရှိရန်လျှောက်ထားသူ (၂၃၀၇)ယောက်ရှိခဲ့ပြီး စာရင်းအရ နီပေါ(၃၇၇)ဦး၊တရုပ်(၃၃၄)ဦး၊မြန်မာ (၂၁၇)ဦး၊ပါကစ္စတန်(၁၁၈)ဦး ၊ဘင်္ဂလားဒေ့(ရှ်)(၁၀၆)ဦး၊ယူဂန်ဒါ (၁၅၃)၊နိုက်ဂျီးရီးယား(၁၇၈)ဦး၊သီရိလင်္ကာ (၁၉၁)ဦးနှင့်အခြား(၆၃၃)ဦးတို့ဖြစ်ကြပြီး ယနေ့အထိခိုလှုံခွင့်ရှိခဲ့သူ စုစုပေါင်း(၁၅၀)ခန့် ရှိပြီး မြန်မာနိုင်ငံသား ခိုလှုံခွင့်ရရှိသူပေါင်း(၄၀)ကျော်ရှိပြီဖြစ်ကြောင်းသိရှိရပါသည်။(တောင်ဇလပ်)

Comments