ဖိတ်ကြားလွှာ

တောင်ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံဖွား သွေးရင်းသားရင်း
ညီအကိုမောင်နှမ အပေါင်းတို့ခင်ဗျာ

ထိုင်းနိုင်ငံအခြေစိုက် ဒီမိုကရက်တစ် အင်အားစု (Forum for Democracy in Burma)
အဖွဲ့၏ နိုင်ငံခြားရေးရာကော်မတီမှ တွဲဖက်အတွင်းရေးမှူးများဖြစ်ကြသော ဦးစိုးအောင်နှင့် ဦးသွင်လင်းအောင်တို့သည် ကိုရီးယားနိုင်ငံသို့ မြန်မာနိုင်ငံရေးဆိုင်ရာ ခရီးစဉ်တရပ်အနေဖြင့် ရောက်ရှိနေပြီး ၎င်းတို့ရောက်ရှိနေစဉ်အတွင်း တောင်ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံဖွား သွေးရင်းသားရင်း ညီအကိုမောင်နှမများနှင့် ရင်းနှီးဖော်ရွေစွာ တွေ့ဆုံပြီး မြန်မာ့နိုင်ငံရေးဆိုင်ရာ ဆွေးနွေးပွဲတရပ်ကို အောက်ဖော်ပြပါ အစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည် ဖြစ်ပါသောကြောင့် လူကြီးမင်းတို့ အနေဖြင့် မပျက်မကွက် တတ်ရောက်၍ အတူတကွ ဆွေးနွေးကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

အစီအစဉ်
နေ့ရက်။ ။ ၂၀၀၉ ခုနှစ်၊စက်တင်ဘာလ၊၂၀ ရက်၊တနင်္ဂနွေနေ့
နေရာ ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ ကိုရီးယားဌာနခွဲရုံး ခန်းမ
အချိန် ။ ။ မွန်းလွဲ ၁ နာရီမှ ညနေ ၄ နာရီ အချိန်အထိ



သတင်းနှင့်ပြန်ကြားရေးဌာန
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
လွတ်မြောက်နယ်မြေ ၊ကိုရီးယားဌာနခွဲ

Comments