ညီညွတ်သောတိုင်းရင်းသားများအစည်းအရုံး(ကိုရီးယား) Posted by Salai KyawKyaw on July 13, 2009 Get link Facebook X Pinterest Email Other Apps တောင်ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံတိုင်းရင်းသားညီအစ်ကိုများမှယနေ့၂၀၀၉၊ဇူလိုင်၊၁၂၇က်တွင် ညီညွှတ်သောတိုင်းရင်းသားများအစည်းအရုံး(ကိုရီးယား)ကို ရခိုင်၊ကရင်၊မွန်၊ရှမ်း၊ချင်းတို့ဖြင့်စတင်ဖွဲ့စည်းကြောင်းသိရပါသည်။ထိုအဖွဲ့အစည်းသည် အမျိုးသားရေးကိုဦးတည်ပြီး ကိုရီးယားနိုင်ငံရောက်မြန်မာတိုင်းရင်းသားလူမျိုးစုများအချင်းချင်း အပြန်အလှန်လေးစား ချစ်ကြည်ရင်းနှီးမှုရရှိလာစေရန်။. တိုင်းရင်းသားအချင်းချင်းကြုံတွေ့ နေရသည့်အခက်အခဲများအား အတူတကွနားလည်မှုရှိစွာဖြေရှင်းသွားနိုင်ရန်။တိုင်းရင်းသားများအချင်းချင်းစည်းလုံးညီညွတ်မှုကိုအခြေခံပြီး ပိုမိုလှပသည့် လူ့ ဘောင်စံနစ်တခုအား ရှာဖွေဖော်ထုတ်ကျိုးပမ်းသွားနိုင်ရန်အစရှိသောရည်ရွယ်ချက်များဖြင့်ဖွဲ့ စည်းခဲ့ကြောင်းသိရှိရပါသည်။သို့ ဖြစ်ပါ၍ ကိုရီးယားနိုင်ငံရောက်မြန်မာပြည်ဖွားတိုင်းရင်းသားများအနေဖြင့်လိုအပ်သောနေရာအခန်းဏ္ဍများတွင်ပူးပေါင်းပါဝင်ဆောင်ရွက်စေလိုကြောင်းသိရပါသည်။စည်းလုံးညီညွတ်မှုထက်လှသောပန်းဆိုသည်မှာမရှိပါ.အလှဆုံးပန်းတပွင့်အားရွေးချယ်ပန်ဆင်ရန်တိုင်းရင်းသားအားလုံးတာဝန်ရှိကြောင်းနိုးဆော်လိုက်ပါသည်။အလုပ်အမှုဆောင်အဖွဲ့ ညီညွတ်သောတိုင်းရင်းသားများအစည်းအရုံး(ကိုရီးယား) United Myanmar Ethnic Organization(Korea) Comments
Comments
Post a Comment