တောင် ကိုရီးယားကို အပြည့်အ၀ကာကွယ် ပေးသွားမည်ဟု အိုဘားမား ကတိပြု

၁၇၊ ၆၊ ၂၀၀၉


အမေရိကန်နိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသောတောင်ကိုရီးယားသမ္မတလီမြောင်ဘတ်သည်
မြောက်ကိုရီးယားနိုင်ငံ၏ တဖြည်းဖြည်းအရှိန်မြင့်တက်လာသောနျူကလီးယားစစ်ရေးစွမ်းရည်ပြမှု
နိဂုံးချုပ်စေရန်တောင်ကိုရီးယာနှင့် အတူလက်တွဲဆောင်ရွက်သင့်ကြောင်း သမ္မတအိုဘားမားထံ
တောင်းဆိုမှုပြုခဲ့သည်။

အိမ်ဖြူတော်၌ သမ္မတအိုဘားမားနှင့် တွေ့ဆုံဆွေးနွေးစဉ်သမ္မတလီမြောင်ဘတ်၏ယင်းသို့ ထုတ်ဖော်
ပြောဆိုချက်ကိုတုန့်ပြန်သောအနေဖြင့် တောင်ကိုရီးယားနိုင်ငံအား အပြည့်အ၀ကာကွယ်ပေးသွားမည်
ဟု မစ္စတာ အိုဘားမားကကတိပြုပြောဆိုသည်။

မြောက်ကိုရီးယား၏ နျူကလီးယား လက်နက်အစီအစဉ်များသည် အာရှနှင့် ကမ္ဘာကြီးငြိမ်းချမ်းလုံခြုံ
ရေးကို ခြိမ်းခြောက်လျက်ရှိသဖြင့်ကိုရီးယားကျွန်းစွယ်ဒေသ၌နျူကလီးယား လက်နက်များဖျက်သိမ်း
ရေးကို အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု မစ္စတာ အိုဘားမားကထပ်လောင်းပြောဆို
သည်။(အေအက်ဖ်ပီ)

Comments