၂၆၊၆၊၂၀၀၉
ဆလိုင်းကျော်ကျော်(ဆိုးလ်)
၂၀၀၉၊ဇွန်၊၂၆ရက်နေ့တွင် တောင်ကိုရီးယားနိုင်ငံရောက် မြန်မာ့ဒီမိုကရေစီအင်အားစုများ က ၁၉၇၆ခုနစ်
ဇွန်၊၂၆ရက် လျို့ဝှက် ကြိုးမိန့်ဖြင့်အသတ်ခံရသော ကျောင်းသားခေါင်းဆောင်ဆလိုင်းတင်မောင်ဦးအောက်
မေ့ဘွယ်အခမ်းအနား အထိမ်းအမှတ်ဖြင့် နအဖသံရုံးရှေ့တွင် ချင်းတိုင်းရင်းသားအဖွဲ့အစည်းကဦးဆောင်ပြီး
ဆန္ဒပြပွဲ ပြုလုပ်ကြောင်းသိရပါသည်။
ထိုအခမ်းအနားသို့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)နိုင်ငံခြားရေးဌာန
မှသဝဏ်လွှာပေးပို့ပြီး သံရုံးရှေ့တည့်တည့်တွင် ဖတ်ကြားခဲ့ပါသည်။ထိုအခမ်းအနားကိုဦးဆောင်သောချင်းတိုင်း
ရင်းသားအဖွဲ့အစည်း(ကိုရီးယား)၊မှတောင်းဆိုချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
ဆလိုင်းတင်မောင်ဦးအောက်မေ့ဘွယ် အထိမ်းအမှတ် သဘောထား ထုတ်ပြန်ချက်
ယနေ့၂၀၀၉ခုနှစ်၊ဇွန်၊၂၆ရက်နေ့သည်ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးကို ၁၉၇၆၊
ဇွန်၊၂၆ရက်နေ့တွင် မြန်မာစစ်အစိုးရက ကြိုးမိန့်ပေးခြင်းခံရသည့်(၃၃)နှစ်ပြည်ဖြစ်ပေသည်။ဆလိုင်း
တင်မောင်ဦးသည် ချင်းကျောင်းသားခေါင်းဆောင်ဖြစ်သလို၊ဗကသကျောင်းသားခေါင်းဆောင်ဖြစ်ပြီး
ပထမဦးဆုံးကြိုးမိန့်ပေးအသတ်ခံရသော ကျောင်းသားတစ်ဦးဖြစ်ပေသည်။
နအဖစစ်အစိုးရသည် နိုင်ငံရေးလမ်းပြမြေပုံမှ အဆင့်(၅)ဖြစ်သည့် ရွေးကောက်ပွဲကို လာမည့် ၂၀၁၀
ခုနှစ်ကျင်းပရန်ပြင်ဆင်လျက်ရှိပါသည်။နအဖမှ၂၀၁၀ခုနှစ်အတွင်းပြုလုပ်မည့် ရွေးကောက်ပွဲသည် နိုင်
ငံရေးပါတီများ ဖွဲ့စည်းခြင်းဆိုင်ရာနည်းဥပဒေနှင့် ရွေးကောက်ပွဲဆိုင်ရာနည်းဥပဒေများ ရွေးကောက်ပွဲ
တနှစ်တာသာ လိုအပ်သည့်အချိန်ထိ ထုတ်ပြန်မှုမပြုဘဲ ဆိုင်းငံ့ထားခြင်း၊ရွေးကောက်ပွဲအပြီး ၄င်းတို့
စိတ်တိုင်းကျရေးဆွဲထားသည့် အခြေခံမူများအပေါ်အခြေခံပြီး ၄င်းတို့ စိတ်တိုင်းကျရွေးချယ်ထားသော
ပုဂ္ဂိုလ်များမှ ရေးဆွဲပြီး ၄င်းတို့အလိုကျ အတည်ပြုပြဌာန်းသည့် ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံသပဒေ
ဖြင့် တိုင်းပြည်ကို ဆက်လက်အုပ်ချုပ်သွားမည်ဖြစ်ခြင်းကြောင့် တိုင်းပြည်ငြိမ်းချမ်းရေး၊အမျိုးသားပြန်
လည်ရင်ကြားစေ့ရေး၊ဒီမိုကရေစီအရေးနှင့် စစ်မှန်သောဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးတို့
ကို ဦးတည်နိုင်မည်မဟုတ်ပေ။
မြန်စစ်အစိုးရသည် ချင်းတိုင်းရင်းသားပြည်သူများ၏ နေထိုင်ရာဒေသများတွင် လူ့အခွင့်အရေးချိုး
ဖောက်ခြင်း၊ဘာသာရေး၊စီးပွားရေး၊နိုင်ငံရေး၊ပညာရေးများကို အကွက်ကျကျ ဖိစီးနှိပ်ကွပ်ခဲ့သည်။
နှစ်(၅၀)တွင်တစ်ကြိမ်ဖြစ်လေ့ရှိသည့် ဝါးသုန်းပြီးကြွက်များသောင်းကျန်းရာ ချင်းပြည်သူများ အစာ
ရေစာပြတ်တောက်သည်မှာ နှစ်နှစ်သာကာလအတွင်း မြန်မာစစ်အစိုးရက လက်လျူရှု့ခဲ့ပေသည်။
တိုင်းပြည်တွင် စီးပွားရေး၊ပညာရေး၊ကျန်းမာရေး၊စသည့် အနိဌာရုံများ ယခုကဲ့သို့ ကျရောက်နေချိန်
ဖြစ်ပါသဖြင့် အမျိုးသားရေး အကြပ်အတည်းကြီးကို ဖြေရှင်းရန်နှင့် တိုင်းပြည်ပြန်လည်တည်ထောင်
ရေးအတွက် နိုင်ငံရေးပြုပြင်ပြောင်းလဲမှု မဖြစ်မနေ အရေးတကြီး လိုအပါနေပါသည်။ထို့ကြောင့် ကို
ရီးယားရောက်မြန်မာ့ဒီမိုကရေစီအင်အားစုများနှင့်ချင်းတိုင်းရင်းသားအဖွဲ့အစည်းများအနေဖြင့် နအဖ
စစ်အစိုးရကို အောက်ပါအချက်များကို အမြန်ဆုံးဆောင်ရွက်ပေးပါရန် အလေးအနက်တောင်းဆိုလိုက်
သည်။
(၁)မတရားဖမ်းဆီး ထိမ်းသိမ်းထားသော ဒေါ်အောင်ဆန်းစုကြည်နှင့်နိုင်ငံရေး အကျဉ်းသားများကို
ချွင်းချက်မရှိ အမြန်ဆုံးလွှတ်ရန်။
(၂)ချင်းပြည်သူများအပေါ် လူ့အခွင်ရေးချိုးဖောက်မှုမျာ အမြန်ဆုံးရပ်တန့်ရန်။
(၃)ချင်းပြည်နယ်တွင် ဘာသာရေးလွတ်လပ်စွာ ကိုးကွယ်နိုင်ရန်။
(၄)အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် အထောက်အကူ မပြုသော
နအဖစစ်အစိုးရ၏ လမ်းပြမြေပုံ (၇)ချက်ကို စွန့်လွတ်၍ တိကျသော အချိန်ဇယားအတိုင်း သုံးပွင့်ဆိုင်
ဆွေးနွေးရန်။
Chin National Community,Korea
နေ့စွဲ။ ။၂၆၊ဇွန်၊၂၀၀၉(သောကြာနေ့)
-----------------------------------------------------------------------------------------
ဆလိုင်းတင်မောင်ဦးအကြောင်း ဖတ်ရှုနိုင်ပါသည်။
Salai Tin Mg Oo

I want video clip soon. very emergency.
ReplyDeleteကိုမောင်ထူးရေ Video မရိုက်ဖြစ်လို့ပါ။ကျွန်တော်မေးပို့ထားတယ်မရဘူးလား။
ReplyDeleteလေးစားလျက်
ဆလိုင်းကျော်ကျော်