အမေများနေ့(Mother's Day)

ှSiallum(ရှာလုံမ်း)
၁၀၊မေ၊၂၀၀၉။တနင်္ဂနွေ



တောင်ကိုရီးယားနိုင်ငံတွင် ပူချွန်းမြို့ဘုတ်ဒုန်းမြန်မာခရစ်ယာန်ဘုရားရှိခိုးကျောင်းတွင် အမေများနေ့ကို
ကျင်းပခဲ့ပါသည်။သင်းအုပ်ဆရာတော် ဦးသွန်လျှန်းတွောင်မှ အမေများနေ့ပတ်သက်ပြီး အကျယ်တဝန်း
ရှင်းပြဟောပြောခဲ့ ပြီး မိခင်နှင့်မိခင်လောင်းများကို အထူးဆုတောင်းပေးခဲ့ပါသည်။ထို့အပြင် ပူချွန်းမြို့
ဘုတ်ဒုန်းမြန်မာခရစ်ယာန်ဘုရားရှိခိုးကျောင်းဥက္ကဌ ဦးပါးခုပ်မှ မိခင်နှင့်မိခင်လောင်းများကိုလက်ဆောင်
ပစ္စည်းများကို ပေးအပ်ခဲ့ပါသည်။မိခင်များနေ့ကို တက်ရောက်သူအင်အား(၁၀၀)နီးပါးရှိကြောင်းသတင်း
ရရှိပါသည်။

ထိုနောက် အဆိုတော်ကို ထွမ်းခမ်၏အမေသီချင်းကို ကိုခိုင်ပီးမှသီဆိုပြီး၊ကို ခုပ်သောင်၊ဆရာတော်ဆွမ်း
ခုပ်တို့ စုံတွဲမှ ကိုယ်ပိုင်ရေးစပ်ထားသော အမေသီချင်းများဖြင့် ဂုဏ်ပြုသီဆိုခဲ့ပါသည်။

အခမ်းအနားကို ကိုရီးယားစံတော်ချိန်ညနေ(၅း၃၀)တွင် ပြီးဆုံးကြောင်းသတင်းရရှိပါသည်။

ထို့အပြင် ကိုရီးယားရောက်မြန်မာခရစ်မိတ်သဟာယများတွင်လည်း အသီးသီးအမေများနေ့ကို ပြုလုပ်ခဲ့
ကြောင်းသိရပါသည်။(တောင်ဇလပ်)

Comments