Mobile ဖုန်းတွေမှာ မြန်မာစာနဲ့ SMS ပို့နိုင်အောင် လုပ်ထားတဲ့ Mobile Application ပါ

ဆလိုင်းကျော်ကျော်
ဆိုးလ်၊
၉၊မေရက်၊၂၀၀၉။

My Myanmar Unicode ကို ထုတ်လုပ်တဲ့ Technomation Studios ရဲ့ Product ဖြစ်တဲ့ MySM ဆိုတာ Mobile ဖုန်းတွေမှာ မြန်မာစာနဲ့ SMS ပို့နိုင်အောင် လုပ်ထားတဲ့ Mobile Application ပါ။

အခုတော့ အဲဒီ MySM ကို Technomation Studios ကနေ အခမဲ့ ဖြန့်ချီပေးလိုက်ပါပြီ။ အသေးစိတ်ကို ဒီမှာ ဖတ်နိုင်ပါတယ်။ Free ဖြန့်ပေးတာကို အသုံးပြုပြီးလို့ သဘောကျတယ် နှစ်ခြိုက်တယ်လို့ ခံစားရလို့ Technomation Studios ကို အခကြေးငွေ ပေးချင်တယ်ဆိုရင်လဲ ပေးလို့ရပါတယ်(ငွေ ammount မသတ်မှတ်ထားပါဘူး) ။ ဒီလို ရရှိလာတဲ့ ငွေများကိုလဲ မြန်မာ တပြည်လုံးမှာရှိတဲ့ မိဘမဲ့ကလေးများအတွက် ရည်စူးပြီး လှူဒါန်းသွားမယ်လို့ သိရ ပါတယ်။

Mobile ကနေ Internet Access ရှိရင်တော့ wap.messx.net ကို ၀င်ပြီး MySM ကို Install လုပ်လို့လဲ ရပါတယ်။

မှတ်ချက်။ ။ ၀ဘ်ဆိုက်တစ်ခုမှတွေ့ရသောယနေ့ရက်စွဲ 07 may 2009 ဖြင့်ပို့စ်အားပြန်လည်ဖော်ပြပေးခြင်းဖြစ်ပါသည်။(တောင်ဇလပ်)

Comments