ငြိမ်းချမ်းရေးနိုဘဲလ်ဆုရှင် တောင်ကိုရီးယားသမ္မတဟောင်း မစ္စတာကင်မ်ဒဲဂျုံ ဒေါ်အောင်ဆန်းစုကြည်အတွက် စိုးရိမ်
2009/MAY/22/FRI/NLD{LA}KOREA
NEWS AND INFORMATION
၂၀၀၀ပြည့်နှစ် ငြိမ်းချမ်းရေး နိုဘဲလ်ဆုရှင် တောင်ကိုရီးယားသမ္မတဟောင်း မစ္စတာကင်မ်ဒဲဂျုံ၏ ဖိတ်ကြားချက် အရ ကိုရီးယားနိုင်ငံသို့ ခေတ္တရောက်ရှိနေသော ၁၉၉၀ပြည့်နှစ် ရွေးကောက်ပွဲရွေးချယ်ခံ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်များဖြစ်ကြသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့(MPU)၏ ဥက္ကဌဖြစ်သူ ဦးတယ်ရီဘူးရယ်၊ အထွေထွေ အတွင်းရေးမှူးဖြစ်သူ ဦးသိန်းဦးနှင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် (နိုင်ငံခြားရေးရာကော်မတီ)မှ ဦးကျော်ဝင်းတို့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ ကိုရီးယားဌာနခွဲ ဥက္ကဌ ဦးအောင်မြင့်ဆွေ ဦးဆောင်သော အဖွဲ့နှင့်အတူ ယနေ့မနက် ကိုရီးယားဒေသစံတော်ချိန် ၁၀နာရီ၃၀မိနစ်အချိန်တွင် ဆိုလ်းမြို့ရှိ မစ္စတာ ကင်မ်ဒဲဂျုံ၏ ငြိမ်းချမ်းရေးအိမ်တော်သို့ သွားရောက်၍ မစ္စတာ ကင်မ်ဒဲဂျုံနှင့် တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် ဧည့်သည်တော်များမှ မြန်မာ့ဒီမိုကရေစီအရေးဆိုင်ရာ ကိစ္စရပ်များနှင့် လက်ရှိမြန်မာနိုင်ငံ အတွင်း ဖြစ်ပျက်နေသည့်အခြေအနေများကို မစ္စတာ ကင်မ်အား ရှင်းလင်းပြောကြားခဲ့ပြီး မစ္စတာ ကင်မ်မှ သူ့အနေဖြင့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ သတင်းကို စတင်ကြားသိရကတည်းက အတိုင်းထက်အလွန် စိုးရိမ်ပူပန်မိပါကြောင်း၊ဒေါ်အောင်ဆန်းစုကြည် ကျမ်းမာစွာဖြင့် အမြန်ဆုံးပြန်လည် လွတ်မြောက်လာစေရေးနှင့် မြန်မာနိုင်ငံ အတွင်း စစ်မှန်သော ဒီမိုကရေစီနှင့် ပြည့်ဝသောလူ့အခွင့်အရေးများ ရရှိနိုင်စေရေးအတွက် မိမိတတ်နိုင်သည့်ဘက်မှနေ၍ အားပေးကူညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဂတိစကားပြောကြားခဲ့ပါသည်။
ထို့နောက် သမ္မတကင်မ်မှ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက် လိုအပ်သောနေရာ များတွင်အသုံးပြုနိုင်ရန်အတွက် အမေရိကန်ဒေါ်လာတစ်သောင်းတိတိကိုပေးအပ်ရာ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်များ အဖွဲ့(MPU)၏ဥက္ကဌဖြစ်သူ ဦးတယ်ရီဘူးရယ်က လက်ခံရယူခဲ့ပါသည်။
ရန်နိုင်ထွန်း
ပြန်ကြားရေးတာန်ခံ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊
လွတ်မြောက်နယ်မြေ ၊ ကိုရီးယားဌာနခွဲ
MOBILEး +82 -11-9723-4773

Comments
Post a Comment