မြန်မာနိုင်ငံရှေ့နေများ ကောင်စီကို မတရားအသင်းအဖြစ်ကြေညာ

ဆလိုင်းလက်မိုင်
၅၊မေ၊၂၀၀၉။အင်္ဂါ

ပြည်ထောင်စု မြန်မာနိုင်ငံ တော်အစိုးရ ပြည်ထဲရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာအမှတ်(၁/၂၀၀၉) ဖြင့် ၂၀၀၉ ခုနှစ် ဧပြီလ ၃၀ ရက်နေ့ တွင် မြန်မာနိုင်ငံရှေ့နေများကောင်စီ ကိုမတရားအသင်းအဖြစ် ကြေညာခဲ့ ကြောင်း သတင်းရရှိသည်။

အဆိုပါကြေညာချက်တွင် ဖော် ပြထားသည်မှာ ''၁။ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ဥက္ကဋ္ဌ သည် မြန်မာနိုင်ငံ ရှေ့နေများကောင်စီ (Burma Lawyers’ Council) (BLC) ၊ ယင်း အဖွဲ့အစည်း၏အဖွဲ့ဝင်များ၊ ယင်း အဖွဲ့နှင့်ဆက်နွှယ်သည့် အခြားအဖွဲ့ အစည်းများ၊ ပုဂ္ဂိုလ်များ၏ ရည်ရွယ် ချက်နှင့်လုပ်ရပ်များမှာပြည်ထောင်စု မြန်မာနိုင်ငံတော်၏ တရားဥပဒေ စိုးမိုးရေးကိုသော်လည်းကောင်း၊ နိုင်ငံတော်တည်ငြိမ်ရေးကိုသော်လည်း ကောင်း၊ အများပြည်သူတို့၏ အေး ချမ်းသာယာရေးကိုသော် လည်း ကောင်း အနှောင့်အယှက်အန္တရာယ် ပြုရန်ဖြစ်သည်ဟု ယုံကြည်ယူဆ သည်။ ၂။ သို့ပါ၍ နိုင်ငံတော် အေး ချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ဥက္ကဋ္ဌက မတရားအသင်း များ အက်ဥပဒေပုဒ်မ ၁၆ အရ အထက်ဖော်ပြပါအဖွဲ့အစည်း၊ ယင်း အဖွဲ့အစည်းနှင့် ဆက်နွှယ်သည့် အခြားအဖွဲ့အစည်းများအားမတရား အသင်းများ အက်ဥပဒေပုဒ်မ ၁၅၊ ပုဒ်မခွဲ (၂)ပါ အဓိပ္ပာယ် ဖော်ပြချက် များနှင့်အညီ မတရားအသင်းဖြစ် ကြောင်း ကြေညာလိုက်သည်'' ဟူ၍ ဖြစ်ကြောင်း သိရသည်။(ပြည်တွင်းသတင်း)

Comments