မြန်မာ့ဒီမိုကရစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား မတရားဖမ်းစီးမှုအပေါ် ကန့်ကွက်ဆန္ဒပြ

ရှာလုံမ်း
ကြာသပတေး၊၁၄၊မေ၊၂၀၀၉



ဦးဇော်မိုးအောင်(တွဲဘက်အတွင်းရေးမှူး-၂)၊အမျိုးသားဒီမိုကရေစီအဖဲံ့ချုပ်(လွတ်မြောက်နယ်မြေ)ကိုရီးယား။
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား နအဖစစ်အုပ်စုမှနေ၍ ယနေ့ မနက် ၇ နာရီ ကျော်အချိန်တွင် မတရား ဖမ်းဆီးခေါ်ဆောင်သွားမှုနှင့် ပတ်သက်၍ တောင်ကိုရီယားနိုင်ငံရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ ကိုရီးယားဌာနခွဲမှ ရဲဘော်များသည် ကိုရီးယား ဒေသစံတော်ချိန် နေ့လည် ၁ နာရီ ၃၀ မိနစ်မှ ညနေ ၄း၀၀နာရီအထိ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ နအဖစစ်အုပ်စု စစ်သံရုံးရှေ့တည့်တည့်တွင် ဆန္ဒပြပွဲ ပြုလုပ်ခဲ့ပါသည်။ ထိုဆန္ဒပြပွဲကို ကိုရီးယားနိုင်ငံ National Assembly မှတာဝန်ရှိသူများလည်း လာရောက်ပူးပေါင်းဆန္ဒပြကြကြောင်း သတင်းရရှိပါသည်။(တောင်ဇလပ်)

Comments