‘သမိုင်းကို လှုပ်နိုးခဲ့’ နိုင်ငံရေးသီချင်းသစ်များ မကြာမီဖြန့်ချီမည်

Friday, 08 May 2009 20:28 ဖြိုးကြီး

ကယန်းလူငယ်တေးသံရှင် ကာရန်၏ သမိုင်းကို လှုပ်နိုးခဲ့ MTV အခွေကို ယခုလ (၂၀) ရက်နေ့တွင် စတင်၍ မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက် အခမဲ့ ဖြန့်ချီပေးမည်ဖြစ်ပြီး မြန်မာနိုင်ငံအတွင်း၌လည်း ဆက်လက်ဖြန့်ချီသွားမည်ဖြစ်သည်။

လက်ရှိမြန်မာနိုင်ငံအတွင်း စစ်အစိုးရက ပြည်သူလူထုတရပ်လုံးအပေါ် နည်းမျိုးစုံဖြင့် ဖိနှိပ်ညှဉ်းပန်းမှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုအခြေအနေများကို အားလုံးသိရှိစေရန် ရည်ရွယ်၍ ဂီတအနုပညာဖြင့် ပေါင်းစပ်ကာ ရေးစပ်သီဆိုထားသည့် နိုင်ငံရေးသီချင်းသစ်များဖြစ်ကြောင်း တေးသံရှင် ကာရန်က ပြောသည်။
“ကျနော် ဒီအခွေက ပထမဆုံးဖြန့်ချီမယ့် အခွေပါ၊ စစ်အာဏာရှင်တွေရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေကို ပြည်သူလူထုတွေကြားမှာ ပိုမိုသိရှိပြီး နိုင်ငံရေးအသိစိတ်ဓါတ်တွေ နိုးကြားလာဖို့ ရည်ရွယ်ချက်နဲ့ ကျနော်တတ်နိုင်တဲ့ အနုပညာနဲ့ပေါင်းစပ်ပြီး အုပ်တချပ်သဲတပွင့်အနေနဲ့ အာဏာရှင်ပြုတ်ကျရေးအတွက် တိုက်ပွဲဝင်တဲ့သဘောပါ” ဟု တေးသံရှင် ကာရန်က ပြောသည်။

အဆိုပါ သီချင်းခွေတွင် သီချင်း ၁၀ ပုဒ်ပါဝင်ပြီး ကိုယ်တိုင်ရေးသားသည့် သီချင်းများဖြစ်ကာ (Mission Bank ) အဖွဲ့မှ ကယန်းလူငယ်များက ပါဝင်ကူညီတီးခတ်ပေးထားကြောင်း ၎င်းက ဆက်ပြောသည်။

“ကျနော်တို့ လူငယ်တွေအနေနဲ့ ဒီအခွေမှာ အကောင်းဆုံး ကြိုးစားသီဆိုတီးခတ်ထားပါတယ်၊ ဒီအခွေမှာ အားနည်းတာတွေ ရှိမယ်ဆိုရင်လည်း ဝေဖန်အကြုံပြုပေးဖို့ကို ကျနော် တောင်းဆိုချင်ပါတယ်” ဟု ပြောသည်။

ပြည်ပမှ သီချင်းနားဆင်လိုသူများအနေဖြင့် ဖုန်းနံပါတ် (+၆၆ ၈၉ ၆၈၂ ၅၃၆၆ ) နှင့် အီးမေးလ်လိပ်စာ ( kayanboy2010@gmail.comThis e-mail address is being protected from spambots. You need JavaScript enabled to view it ) သို့ မှာယူနားဆင်နိုင်ပါသည်။(ရိုးမ ၃)

Comments