၂၀၀၉၊ဧပြီ၊၁၈
ဆလိုင်းနှင့်မိုင်
ကိုရီးယားအလတ်စားနှင့် အသေးစားစက်မှုလုပ်ငန်းရှင်များအသင်း(KFSB)က ၊ ကိုရက်ပ်စ် လုပ်သမားများလစာမှ ဖြတ်တောက်ရမည့် နေစရိတ် စားစရိတ်နှုန်းထားများ စာရင်းကို ထုတ်ပြန်လိုက်ကြောင်း ၊ အနည်းဆုံး လုပ်ခသတ်မှတ်ချက် ဇယားဝင်လစာ၏ ၈ ရာနှုန်းမှ အများဆုံး ၂၀ ရာနှုန်းထိ ဖြတ်တောက်မည် ဖြစ်ကြောင်းသိရသည် ။ ဖြတ်တောက်မည့်နှုန်းထားများမှာ-
၁ ။ နေစရာနှင့် အစားအသောက် စရိတ်အတွက်-
ဘော်ဒါဆောင် သို့မဟုတ် အိမ်ခန်းဖြစ်လျင် အများဆုံး ၂၀ ရာနှုန်း ။
(အဆောက်အဦးသည် ယာယီအဆောင်အဦး သို့မဟုတ် လူနေအိမ်မဟုတ်လျင် အများဆုံး ၁၅ ရာနှုန်းထိသာ။)
၂ ။ နေစရာတစ်မျိုးတည်းအတွက်-
နေစရာ တစ်မျိုးတည်းသာထောက်ပံ့ထားလျင် အနည်းဆုံး ၈ ရာနှုန်းမှ အများဆုံး ၁၀ ရာနှုန်းထိသာ။
လက်ရှိ(အနည်းဆုံးလုပ်ခသတ်မှတ်ချက်ဇယားဝင်)လစာနှုန်းထားအရ အောက်ပါအတိုင်း ဖြတ်တောက်မည်ဟုဆိုသည်-
-၂၀ ရာနှုန်းမှာ ၁၈၀,၈၀၀ -ဝမ်
-၁၅ ရာနှုန်းမှာ ၁၃၅,၆၀၀ -ဝမ်
-၁၀ ရာနှုန်းမှာ ၉၀,၄၀၀ -ဝမ် နှင့်
-၀၈ ရာနှုန်းမှာ ၇၂,၃၂၀ -ဝမ်
လက်ရှိ ဇယားဝင်လစာသတ်မှတ်ချက်မှာ(တစ်ပတ် ၄၄နာရီအလုပ်ချိန်)ဝမ် ၉၀၄,၀၀၀ ဖြစ်ပြီး ၊ ကိုရက်ပ်စ် အလုပ်သမား တစ်ယောက်အတွက် အနည်းဆုံးရှိရမည့် နေစရာ အကျယ်အဝန်းမှာ ၂ဒဿမ၅မီတာ ပတ်လည် ဟုဆိုသည် ။
အဆိုပါ ဥပဒေသည် ၊ ၂၀၀၉ခုနှစ် မတ်လ၃၀ရက် နောက်ပိုင်းစာချုပ်သူများအားလုံး အကျုံးဝင်မည်ဟုရွေ့ပြောင်းအလုပ်သမား
သတင်းဌာနကိုဝိုင်းက ဗမာဘာသာဖြင့်ပြောကြားခဲ့ပါသည်၊၊(တောင်ဇလပ်)
ရည်ညွှန်းချက်
Asian Workers News (Number:258)

Comments
Post a Comment