အင်ဒိုနီးရှားတွင် စစ်လေယာဉ် တစ်စင်း ပျက်ကျ၍ လူ ၂၄ ဦး သေဆုံး

၂၀၀၉၊ဧပြီ၊၇ရက်

အင်ဒိုနီးရှားနိုင်ငံတွင် ယမန်နေ့က စစ်ရေးလေ့ကျင့်ပျံသန်းနေသော လေယာဉ်တစ်စင်း မတော်တဆ
ပျက်ကျမှုဖြစ်ပွားခဲ့ရာ လိုက်ပါလာသူအားလုံး အသက်ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။ စစ်အမှုထမ်း ၂၄ ဦးဖြင့် ပုံမှန်
စစ်ရေး လေ့ကျင့်မှုပြုလုပ်နေသော ဖော်ကာ-၂၇ လေယာဉ်သည် မြေပြင်သို့ ဆင်းသက်ရန်ကြိုးစားရာမှဂျကာတာ
မြို့ အရှေ့တောင်ဘက် ၁၁၀ ကီလိုမီတာခန့်အကွာရှိ ဘန်ဒေါင်းမြို့၌ ဒေသစံတော်ချိန် ည ၁း၀၅ အချိန်တွင်ပျက်
ကျ၍ မီးလောင်ပေါက်ကွဲသွားခဲ့သည်။ မီးလောင်ပေါက်ကွဲမှုကြောင့် လူ ၁၈ ဦး၏ ရုပ်အလောင်းနှင့် အပိုင်းပိုင်းအ
စစဖြစ်နေသော အခြားလူများကို မည်သူမည်ဝါဖြစ်ကြောင်း ခွဲခြားအတည်ပြု၍ မရသေးပေ။ (အေအက်ဖ်ပီ)

Comments