လျာ လက် တာန်
၂၃၊ဧပြီ၊၂၀၀၃၊ကြာသပတေး
ကိုရီးယား တရားရေးဝန်ကြီးဌာနသည် မတ်လ ၂၆ ရက်နေ့က ၊ နိုင်ငံသားပြုမှုစံနစ် ဖွံဖြိုးမှု ကာကွယ်ခြင်း ဆိုင်ရာဥပဒေ(မူကြမ်း) ကို ထုတ်ပြန်လိုက်ကြောင်း ၊ အဆိုပါ ဥပဒေမူကြမ်းကို လာမည့်ဇွန်လတွင် ကျင်းပမည့် ပြည်သူ့လွတ်တော် သို့ တင်သွင်းကာ အတည်ပြုချက်ရယူမည်ဟုသိရသည်။
နိုင်ငံသားပြုမှုစံနစ် ဖွံဖြိုးမှု ကာကွယ်ခြင်း ဆိုင်ရာ ဥပဒေ(မူကြမ်း)အရ သိပ္ပံ ၊ စီးပွါးရေး ၊ ယဉ်ကျေးမှုနှင့် အားကစားအစရှိသော အခန်းကဏ္ဍတို့တွင် ထူးချွန်ထက်မြက်ပြီး ၊ ကိုရီးယားနိုင်ငံတော်အား အထောက်အကူဖြစ်စေမည့်နိုင်ငံခြားသား အကျော်အမော်များ(talented foreigners)ကို ၊ နိုင်ငံသားပြုမှုဆိုင်ရာ အရည်အချင်းစစ် စာမေးပွဲ ဖြေဆိုရန် မလိုဘဲ ကိုရီးယားနိုင်ငံသားအဖြစ် ခံယူခွင့်ပြုမည်ဟုဖော်ပြထားသည်။
အဆိုပါ ကိုရီးယား နိုင်ငံသားပြုခွင့်ရသူများသည် ၊ မူလနိုင်ငံသားအဖြစ်မှလည်း စွန့်လွတ်ရန်မလိုအပ်ဟု ဆိုသဖြင့် ဒွိနိုင်ငံသားများဖြစ်လာမည်ဟုဆိုသည် ။ လက်ရှိအတည်ဖြစ်နေသောဥပဒေအရ ကိုရီးယားနိုင်ငံအတွင်း တရားဝင် ၅နှစ်နေပြီးသူများ ကိုရီးယားနိုင်ငံသားအဖြစ်ခံယူခွင့်လျှောက်ထားနိုင်ကြောင်းနှင့် ၊ ကိုရီးယာနိုင်ငံသားပြုခွင့်ရချိန်တွင် မူလနိုင်ငံသားအဖြစ်မှ စွန့်လွတ်ရမည်ဟု ပြဋ္ဌာန်းထားကြောင်းသိရှိရသည် ။
တရားရေးဝန်ကြီးဌာနသည် လွန်ခဲ့သောနှစ် ၊ မေလက ကိုရီးယားနိုင်ငံသား ထောင်ပေါင်းများစွာကို စစ်တမ်းကောက်ယူခဲ့ရာမှာ ဆန္ဒပေးသူ ၇၁ ရာနှုန်းက ဒွိနိုင်ငံသားစနစ်ကို ထောက်ခံခဲ့သော်ငြား ၊ ယခုဥပဒေ(မူကြမ်း)ကိုမူ ဆန့်ကျင်သူများပြားကြောင်း ၊ အကြောင်းမှာ နိုင်ငံခြားသားများကို အကျော်အမော်နိုင်ငံခြားသားများနှင့် သာမန်နိုင်ငံခြားသားများဟု ခွဲခြားနေခြင်းသည် မနှစ်မြို့ဖွယ်ဖြစ်သည်ဟုဆိုပါသည် ။
ယခုအခါ ဒွိနိုင်ငံသားအဖြစ်ခံယူထားကြသော ကိုရီးယားနိုင်ငံသား ၅၁,၅၅၉ ဦးရှိသည်ဟုဆိုသည် ။ တရားရေးဝန်ကြီးဌာနသည် ၊ နိုင်ငံသားဖြစ်မှုရွေးချယ်ရေးစနစ် ကို အကောင်းဆုံး အထောက်အကူဖြစ်စေရန်အလို့ငှာ ၊ ဒွိ နိုင်ငံသား အဖြစ် ခံယူထားကြသည့် ကိုရီးယားနိုင်ငံသားများသည် ၊ တစ်နိုင်ငံသားအဖြစ်ကိုသာ ရွေးချယ်ခံယူကြရမည်ဖြစ်ကြောင်း ၊ တရားဝင် အကြောင်းကြားစာ ရရှိပြီးသည်မှ (၁) နှစ်အတွင်း အကြောင်းပြန်ကြားရမည်ဖြစ်ကြောင်း ၊ ထိုအချိန်ကျော်လွန်ပါက ၊ ကိုရီးယားနိုင်ငံသားအဖြစ်မှ အလိုအလျောက် ဆုံးရှုံးခံရမည်ဖြစ်ကြောင်းလည်း သိရသည် ။(တောင်ဇလပ်)
ရည်ညွှန်းချက်-
http://www.koreatimes.co.kr/www/news/nation/2009/03/117_42044.html

Comments
Post a Comment