၁၉ ရက်နေ့ သင်္ကြန်ပွဲအား ဖိတ်ကြား ခြင်း

မြန်မာအသင်း(ကိုရီးယား)

မြန်မာအသင်း (ကိုရီးယား)မှ နှစ်စဉ်ကျင်းပမြဲဖြစ်သော န၀မအကြိမ်မြောက် မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို ယခုလာမည့် ၁၉ ရက် (တနင်္ဂနွေ)နေ့တွင် ဘူချွန်းမြို့ ဆော့ဂွမ်ဆာ ဘုန်းကြီးကျောင်းနေရာ ကျင်းပမည်ဖြစ်ပြီး ကိုရီးယား နိုင်ငံရှိ မြန်မာ အသင်းအဖွဲ့များနှင့် ကိုရီးယားလူမျိုး အသင်းအဖွဲ့များပါ အတူတကွ ပူးပေါင်းပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပမည် ဖြစ်ပါသဖြင့် ကိုရီးယားနိုင်ငံရှိ မြန်မာညီအစ်ကိုများအားလုံး ပျော်ရွှင်စွာ ပါဝင်စဉ်နွှဲနိုင်ကြပါရန် ဖိတ်ကြားအပ်ပါသည်။ သင်္ကြန်ပွဲတော်တွင် ပါဝင်ပူးပေါင်းကြမည့် အဖွဲ့အစည်းများနှင့် စတုဒီသာကျွေးမွေးမည့် အစီအစဉ်များမှာ -

၁။ NLD - အုန်းနို့ ငှက်ပျောပေါင်း
၂။ BAK - ပေါင်မုန့်အုန်းနို့ဆမ်း
၃။ APEBC + အဖြူရောင်
သူငယ်ချင်းများအဖွဲ့ - မုန့်ဟင်းခါး
၎။ မွန်အသင်း - အအေးစုံ
၅။ ရခိုင် - ရခိုင်မုန့်တီ
၆။ ကင်ပိုညီအစ်ကိုများ - သီးစုံဖျော်ရည်
၇။ ဂွမ်ဂျူးဆောင်နန်း
လူမှုရေးအသင်း - ကြာဆံကြော်
၈။ အန်ဆန်းရှီဟွာညီအစ်ကိုများ - တိုဟူးသုတ်
၉။ မိုးကြိုး PLUS - ၀က်သားတုတ်ထိုး
၁၀။ မြန်မာ့လက်ရွေးစင်
ဘောလုံးအသင်း - စမူဆာ + ဘယာကြော်သုတ်
၁၁။ ဓမ္မဒူတဘုန်းကြီးကျောင်း - မုန့်လုံးကြီးကြော် + အအေး
၁၂။ ဗုဒ္ဓသာသနာပြုကျောင်းတော်- ရွှေရင်အေး + သာကူ
၁၃။ အမြဲတမ်း မင်္ဂလာရှိသော
လူငယ်များ - သောက်ရေသန့် + အအေး
၁၄။ RAINBOW တီးဝိုင်း - အအေးစုံ

တို့ ဖြစ်ကြပါသည်။ အခြားသော မြန်မာအသင်းအဖွဲ့၊ ကိုရီးယား အသင်းအဖွဲ့များလည်း ထပ်တိုး အားဖြည့် ကူညီသွားကြမည်ဖြစ်ပါသဖြင့် … ရိုးရာမပျက် သင်္ကြန်ပွဲတော် ရေကစားရင်း စတုဒီသာများလည်း သုံးဆောင်ကာ ပျော်ရွှင်နိုင်ကြပါရန် အသိပေးကြေငြာအပ်ပါသည်။

Comments