အေဒင် ပင်လယ်ကွေ့၌ ဗြိတိန်ကုန်တင် သင်္ဘော တစ်စင်း ပြန်ပေးဆွဲခံရ

၂၀၀၉၊ဧပြီ၊၇ရက်

ဗြိတိန်နိုင်ငံပိုင်ကုန်တင်သင်္ဘောတစ်စင်းကို ဆိုမာလီဓါးပြများက အေဒင်ပင်လယ်ကွေ့တွင် ယမန်နေ့
က ပြန်ပေးဆွဲသိမ်းပိုက်ခဲ့ကြောင်းသိရသည်။ ရုရှ၊ ယူကရိန်း၊ ဘူလ်ဂေးရီးယားနှင့် ဖိလစ်ပိုင်သင်္ဘောအမှုထမ်း စုစု
ပေါင်း ၂၄ ဦးစီးနင်းလိုက်ပါသည့် ပနားမားအလံလွှင့်ထူထားသော Malaspina Castle ကုန်တင်သင်္ဘောသည် တ
နင်္လာနေ့ နံနက်စောစောပိုင်းက ပင်လယ်ဓါးပြများ၏ ပြန်ပေးဆွဲခံခဲ့ရခြင်းဖြစ်သည်။ ဘူလ်ဂေးရီးယားသင်္ဘောအမှု
ထမ်း ၁၆ ဦးကို ပင်လယ်ဓါးပြများက ဖမ်းဆီးထိန်းသိမ်းထားကြောင်းနှင့် သင်္ဘော အမှုထမ်းအားလုံး ကျန်းမာရေး
အခြေအနေ ကောင်းမွန်ဖွယ်ရှိသည်ဟု ယူဆရကြောင်း တာဝန်ရှိသူများကဆိုသည်။ ယခုဖြစ်ရပ်သည်ဆိုမာလီပင်
လယ်ပြင်၌ နိုင်ငံတကာရေတပ်သင်္ဘောများ ကင်းလှည့်စောင့်ကြပ်နေသည့်ကြားမှ နှစ်ရက်အတွင်းသင်္ဘောငါးစင်း
မြောက် ပြန်ပေးဆွဲခံရခြင်းဖြစ်သည်။ (ဆင်ဟွာ)

Comments