အာဖရိကတွင် ငှက်ပျောခွံ၊အရွက်နှင့် အမြစ်မှ လောင်စာထုတ်ယူရန် ကြိုးပမ်း

၂၁၊ဧပြီ၊၂၀၀၉

အာဖရိက၏လောင်စာပြတ်လပ်မှုပြဿနာကိုဖြေရှင်းရန်အတွက် ငှက်ပျောခွံ၊အရွက်နှင့်အမြစ်မှ လောင်စာထုတ်ယူမည့်နည်းလမ်းကို ပါရဂူတန်းကျောင်းသားတစ်ဦးက ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

ဗြိတိန်ရှိ နော့တင်ဟမ်တက္ကသိုလ်မှ ပါရဂူတန်းကျောင်းသားဂျိုးလ်ချေနီဆိုသူသည် အာဖရိကရှိ ဆင်းရဲသောနိုင်ငံများတွင် ပေါပေါများများရနိုင်သည့် ငှက်ပျောသီးစွန့်ပစ်ပစ္စည်းများမှ လောင်စာ ထုတ်ယူနိုင်ရန် သုတေသနပြုနေခြင်း ဖြစ်သည်။

ယင်းနိုင်ငံများတွင် လောင်စာရရှိရန်အတွက် သစ်ပင်ခုတ်လှဲ၍ ထင်းအဖြစ်သုံးစွဲခြင်းကို အဓိကထားဆောင်ရွက်နေရရာ သစ်တောပြုန်းတီးမှုကို အဓိကဖြစ်စေသည့်အကြောင်းအရင်း ဖြစ်နေသည်။(နေ့စဉ်သတင်း)

Comments