မလေးရှားနိုင်ငံတွင် နိုင်ငံခြားအလုပ်သမားများ ပေးဆောင်ရမည့်အလုပ်သမားကြေး နှစ်ဆတိုးမည်

ဆလိုင်းနှင့်မိုင်

မလေးရှားနိုင်ငံတွင်နိုင်ငံခြား လုပ်သားများကိုလျော့ချရန်ရည်ရွယ် ချက်ဖြင့် နိုင်ငံခြားအလုပ်သမားများ ပေးဆောင်ရမည့်အလုပ်သမားကြေး (Levy ကြေး) ကို နှစ်ဆတိုးမြှင့်မည် ဟူသော သတင်းများထွက်ပေါ်လာ ပြီးနောက် အဆိုပါနိုင်ငံတွင်အလုပ် လုပ်နေသူများနှင့်ဆက်စပ်နေသော မိသားစုအသိုင်းအ၀ိုင်းများကြားတွင် စိုး ရိမ်မှုများဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။


မလေးရှားနိုင်ငံအစိုးရထံသို့ အခွန်ပေးဆောင်ရန်အတွက် လက်ရှိ အလုပ်သမားကြေးနှုန်းထားများမှာ စားသောက်ဆိုင်ကဲ့သို့ဝန်ဆောင်မှု လုပ်ငန်းများတွင်အလုပ်လုပ်သူများမှာ တစ်လလျင်ရင်းဂစ် ၁၅၀ (မြန်မာငွေ ကျပ်လေးသောင်းကျော်)၊ အခြား စက်ရုံအလုပ်ရုံအလုပ်များမှာ တစ် လလျင်ရင်းဂစ် ၁၀၀(မြန်မာငွေကျပ် နှစ်သောင်းခွဲကျော်) ပေးဆောင် ရကြောင်း ပြည်ပအလုပ်အကိုင်ရှာ ဖွေရေးအေဂျင်စီများထံမှသိရသည်။


''Levy ကြေးနှစ်ဆတိုးမယ်ဆို တာကတော့သေချာသလောက်ရှိပါ တယ်။ ဒါပေမယ့်အတိအကျတော့ မပြောနိုင်သေးပါဘူး။ နောက်လ (ဧပြီလ)လောက်မှသေချာသိရပါမယ်။ ပြောတာကတော့ ထပ်တိုးမယ့်ကြေး ကိုအလုပ်ရှင်သူဌေးကပဲစိုက်ပေးသွား မယ်လို့ဆိုပါတယ်''ဟုပြည်ပအလုပ် အကိုင်ရှာဖွေရေးအကျိုးဆောင်တစ်ဦး က ဆိုပါသည်။


အဆိုပါ လယ်ဘယ် ကြေးအား အ လုပ်ရှင်ဘက်မှအလုပ်သမားခေါ်ယူ စဉ်ကတည်းကကြိုတင်ပေးဆောင် ထားရကြောင်းသိရသည်။ ''စားသောက်ဆိုင်မှာလုပ်တဲ့ သူတွေကတစ်နှစ်ကို Levy ကြေး ရင်းဂစ် ၁၈၀၀ ဆောင်ရပြီး စက်ရုံ အလုပ်ရုံမှာလုပ်တဲ့သူတွေကျတော့ ရင်းဂစ် ၁၂၀၀ ဆောင်ရပါတယ်။ ဟိုးအရင်တုန်းကတော့ တစ်လကို ၁၀၀၊ ၁၅၀ ဖြတ်သွားပေမယ့်နောက် ပိုင်းကျတော့တစ်လကို ၃၀၀၊ ၆၀၀ စသဖြင့် သုံးလေးလအတွင်းအပြီး ဖြတ်ပါတယ်''ဟုမလေးရှားနိုင်ငံတွင် သွားရောက်လုပ်ကိုင်နေသူတစ်ဦးက ပြောပြသည်။


ယခုအချိန်တွင်မလေးရှားနိုင်ငံ သို့သွားရောက်လုပ်ကိုင်မည့်သူများ အလွန်နည်းပါးနေကြောင်း သိရသည်။

Comments