၂၀၀၉၊ဧပြီ၊၁၀ရက်
မြောက်ကိုရီးယားနိုင်ငံမှ ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုအပေါ် အရေးယူဒဏ်ခတ်သော အနေဖြင့်ဂျပန်အစိုးရသည်
ကွန်မြူနစ်မြောက်ကိုရီးယားနိုင်ငံသို့ ငွေကြေးစီးဆင်းမှုကို ထိထိရောက်ရောက်စောင့်ကြည့်ထိန်းချုပ်ထားမည်ဟု
ဆုံးဖြတ်လိုက်ကြောင်းသိရှိရသည်။ ၎င်းပြင် မြောက်ကိုရီးယားနိုင်ငံမှ ပို့ကုန်များအပါအ၀င် ၎င်းနိုင်ငံသားများနှင့်
သင်္ဘောများကို ဂျပန်နိုင်ငံသို့ လာရောက်လည်ပတ်ခြင်းအား တစ်နှစ်ကြာသက်တမ်းရှိအရေးယူပိတ်ဆို့ထားမှုကို
သက်တမ်းထပ်မံတိုးချဲ့လိုက်သည်။ အဆိုပါအရေးယူပိတ်ဆို့ထားမှုများကိုသောကြာနေ့စောစောပိုင်းတွင်ကျင်းပ
သည့် ကက်ဘိနက်ဝန်ကြီးများအစည်းအဝေး၌ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ မြောက်ကိုရီးယားနိုင်ငံသည်ဧပြီလ၅ ရက်
နေ့က ဂျပန်ပိုင်နက်ကိုဖြတ်ကျော်၌ တာဝေးပစ်ဒုံးကျည်တစ်စင်းကို စမ်းသပ်ပစ်လွတ်ခဲ့သည်။ (အေ
အက်ဖ်ပီ)

Comments
Post a Comment