၂၀၀၉၊ဧပြီ၊၁၃ရက်
ကမ္ဘာ့ဘဏ္ဍာရေးအကျပ်အ တည်းကို ဖြေရှင်းနိုင်ရေးအတွက် အမေရိကန်ဒေါ်လာ ၅ ထရီလျံသုံး စွဲရန် ဂျီ-၂၀ ဆွေးနွေးပွဲသို့တက် ရောက်သော ကမ္ဘာ့ခေါင်းဆောင် များ သဘောတူညီခဲ့ကြသည်ဟု သိရသည်။
နိုင်ငံတကာငွေကြေးရန်ပုံငွေ အဖွဲ့နှင့်အခြားနိုင်ငံစုံဘဏ္ဍာရေးနှင့် ကူးသန်းရောင်းဝယ်ရေးအဖွဲ့အစည်း များက ဘဏ္ဍာရေးအကျပ်အတည်း ကြုံနေရသောနိုင်ငံများကို ကူညီနိုင် ရန်အတွက် အမေရိကန်ဒေါ်လာ တစ်ထရီလျံကျော် ပံ့ပိုးပေးသွား မည်ဖြစ်သည်။
၂၀၁၀ ပြည့်နှစ်ကုန် တွင် ဂျီ-၂၀ အဖွဲ့ဝင်နိုင်ငံများသည် အမေရိ ကန် ဒေါ်လာငါးထရီလျံ အထိသုံး စွဲ၍ ဘဏ္ဍာရေးအကျပ်အတည်းကို ရင်ဆိုင်ဖြေရှင်းမည်ဖြစ်ကြောင်း ဗြိ တိန်ဝန်ကြီးချုပ်ဂေါ်ဒွန် ဘရောင်းက ပြောကြားခဲ့ပြီး ကမ္ဘာ့ဘဏ္ဍာရေး အစီအစဉ်သစ်ပေါ်ထွက်လာခဲ့ပြီဟု ကြွေးကြော်ခဲ့သည်။
ရလဒ်ကောင်းများမရရှိပါက ဆွေးနွေးပွဲမှနုတ်ထွက်သွားမည်ဟု ကြိုပြောထားခဲ့သည့်ပြင်သစ်သမ္မတ ဆာကော်ဇီကလည်းရလဒ်များသည် မျော်လင့်ထားသည်ထက် ကောင်း မွန်ခဲ့ကြောင်း ပြောကြားခဲ့သလို ဂျာမန်ဝန်ကြီးချုပ်မာကယ်ကလည်း သမိုင်းဝင်ကတိက၀တ်များ ဖန်တီး နိုင်ခဲ့ပြီဟု ပြောကြားခဲ့သည်။
ဆွေးနွေးပွဲမတိုင်မီက အမေရိ ကန်နှင့်ဗြိတိန်တို့သည် ဘဏ္ဍာရေး အရှိန်အဟုန်မြှင့်အစီအစဉ်များ တိုး မြှင့်လုပ်ဆောင်ရေးကို အဓိကဇောင်း ပေးခဲ့ကြပြီးပြင်သစ်နှင့်ဂျာမနီက ဘဏ္ဍာရေးစည်းမျဉ်းများပြင်ဆင်နိုင် ရေးကိုအဓိကရည်ရွယ်ခဲ့ကြသည်။ဆွေးနွေးပွဲအပြီးတွင်မူ မည်သည့် ဘက်ကမှ ဖြစ်ချင်သည်တို့ ပြည့်ပြည့် ၀၀ဖြစ်မလာခဲ့ပေ။
နိုင်ငံတကာငွေကြေးရန်ပုံငွေ အဖွဲ့နှင့်အခြားဘဏ္ဍာရေးအဖွဲ့အစည်း များတွင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ ထရီလျံထည့်ဝင်ရန်ကိုမူ သဘောတူညီခဲ့ကြသည်။
ရန်ပုံငွေကို ဂျီ-၂၀ အဖွဲ့ဝင်နိုင်ငံ များအနက်မှစက်မှုဖွံ့ဖြိုးပြီး နိုင်ငံ များကသာ အဓိကထည့်ဝင်ကြမည် ဖြစ်သည်။ ငွေကြေးရန်ပုံငွေအဖွဲ့ပိုင် အရန်ရွှေများကိုလည်း ရောင်းချပြီး ဆင်းရဲသောနိုင်ငံများကို ကူညီပေး ရန်နှင့် တရုတ်၊ ဘရာဇီး၊ အိန္ဒိယ၊ တောင်အာဖရိကတို့ကဲ့သို့သော အားကောင်းလာသည့်အင်အားကြီး နိုင်ငံများအား အိုင်အမ်အက်ဖ်နှင့် ကမ္ဘာ့ဘဏ်တွင် နေရာပေးနိုင်ရေး ပြင်ဆင်မှုများပြုလုပ်ရန်တို့ သဘော တူညီခဲ့ကြသည်။
ဂျီ-၂၀ ဆွေးနွေးပွဲကျင်းပချိန် တွင်ဆန္ဒပြသူအမြောက်အမြားလည်း ရှိခဲ့ပြီး အလုပ်အကိုင်မဆုံးရှုံးရေး အတွက် အစိုးရများကဆောင်ရွက် ပေးရန်တောင်းဆိုခဲ့သည်များရှိခဲ့သ လို အခွန်ထမ်းပြည်သူတို့၏ငွေများ အား စီးပွားရေးလုပ်ငန်းကြီးများကို ကယ်ဆယ်ရန် မသုံးစွဲသင့်ကြောင်း ဆန္ဒပြမှုများလည်းရှိခဲ့သည်။(အေအက်(ဖ်)ပီ)

Comments
Post a Comment