မလေးရှားမှ မြန်မာအမျိုးသမီး နှစ်ဦးကို ဘိန်းဖြူများဖြင့် ဖမ်းမိ

ဧပြီ ၇၊ ၂၀၀၉

မြန်မာအမျိုးသမီး နှစ်ဦးကို ဘိန်းဖြူများဖြင့် ကွာလာလမ်ပူ မြို့တော် Cheras မြို့ Taman Segar အရပ်တွင် ယမန်နေ့ညနေပိုင်းက ဖမ်းဆီးလိုက်သည်။
ဖမ်းဆီးရမိသော ဘိန်းဖြူများမှာ ၃.၁၅ ကီလိုဂရမ်ရှိပြီး မလေးရှားရင်းဂစ် တသိန်းခွဲ တန်ဖိုးရှိသည်ဟု ဆိုသည်။ အမျိုးသမီး ၂ ဦးမှာ အသက် ၃၀ နှင့် ၃၈ နှစ်အရွယ် ရှိသူများဖြစ်ကြောင်း ကွာလာလမ်ပူ မြို့တော် မူးယစ်ဆေးဝါးစုံစမ်းစစ်ဆေးရေးဌာန အကြီးအကဲ Kang Chez Chiang က ပြောသည်။

၎င်းတို့ ၂ ဦးကို စစ်ဆေးမေးမြန်းပြီးနောက် ဒေသခံ အမျိုးသား ၂ ဦးကို ထပ်မံ ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။ ထိုအမျိုးသား ၂ ဦးမှာ ကုန်တိုက်တခုအနီး ရပ်နားထားသည့် ကားတစီးအတွင်း ဖမ်းဆီးရမိခြင်း ဖြစ်သည်ဟု ဆိုသည်။ ကားအတွင်းမှ လက်ကိုင်ဖုန်း ၆ လုံး၊ မလေးရှားငွေ ၂၅၀၀ ရင်းဂစ်တို့ကိုလည်း သိမ်းဆည်းခဲ့သည်ဟု ဆိုသည်။
၁၉၅၂ ခုနှစ် အန္တရာယ်ရှိသော မူးယစ်ဆေးဝါးများ ဥပဒေ ပုဒ်မ ၃၉ ဘီ ဖြင့် စုံစမ်း စစ်ဆေးနေပြီး ထိုပုဒ်မမှာ သေဒဏ်အထိ အပြစ်ပေးနိုင်သည်ဟု ဆိုသည်။( Bernama သတင်းဌာန)

Comments

  1. သူများနိုင်ငံမှာ ကောင်းကောင်းမနေချင်ရင်တော့ခံပေအုံးတော့ဗျို့ ....

    ReplyDelete

Post a Comment