၁၁၉နှစ်မြောက် ကမ္ဘာ့အလုပ်သမားနေ့အထိမ်းအမှတ်

လျာလက်တာန်
၂၃၊ဧပြီ၊၂၀၀၉၊ကြာသပတေး

အလုပ်သမားအခွင့်အရေးတောင်းဆိုကြစို့

စီးပွားရေးအကြပ်အတည်းကြား ရွှေ့ပြောင်းအလုပ်သမားများဘ၀ရပ်တည်နေထိုင်နိုင်ရေးတောင်းဆိုသည့် ဆန္ဒပြပွဲ


နေ့ရက်။ ။ ၂၀၀၉ခုနှစ် ဧပြီ ၂၆ရက် နေ့လယ် ၂နာရီ
နေရာ။ ။မြေအောက်ရထားလိုင်း အမှတ် ၁ ။ဂျုံဂ့ါ(종각)ဘူတာ ထွက်ပေါက်အမှတ်၅
ကျင်းပသည့်အဖွဲ့အစည်း။ ။ ရွှေ့ပြောင်းအလုပ်သမားသမဂ္ဂ၊ရွှေ့ပြောင်းအလုပ်သမားပူးပေါင်းဆောင်ရွက်ရေးကော်မတီJCMK

တောင်းဆိုချက်များ။

၁။ ရွှေ့ပြောင်းအလုပ်သမားများအားအသုံးချကာ စီးပွားရေးအကြပ်အတည်း ဖြေရှင်းရန်ကြိုးစားနေခြင်းနှင့်
အခြေခံလစာမှ ဖြတ်တောက်ရန်ကြိုးစားနေခြင်းအား ချက်ချင်းရပ်ဆိုင်းရန်။
၂။ အလုပ်အကိုင်ပြောင်းရွှေ့လုပ်ကိုင်ခြင်းအား ကန့်သတ်ထားခြင်းနှင့် အလုပ်ရှာဖွေရန်ကာလ သတ်မှတ်ထားခြင်းအား ချက်ချင်း ရုတ်သိမ်းရန်။
၃။ ရွှေ့ပြောင်းအလုပ်သမားများအား ရိုက်ပုတ် ဖမ်းဆီး ပြန်ပို့နေခြင်းများအား ချက်ချင်း ရပ်တန့်ရန်။
၎။ အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမား အားလုံးအား တရားဝင် အလုပ်လုပ်ခွင့်ပြုရန်။
၅။ လူ့အခွင့်အရေးချိုးဖောက်ကာ အတင်းအကြပ် ဖမ်းဆီးပြန်ပို့နေခြင်းအား လ၀က၏ တရားဝင်လုပ်ကိုင်နိုင် ခွင့်စနစ်အဖြစ် ပြဌာန်းရန်ကြိုးစားနေခြင်းအား ရပ်တန့်ရန်။
၆။ ကိုရီးယားအစိုးရအနေဖြင့် ကုလသမဂ္ဂမှ ပြဌာန်းထားသည့် အလုပ်သမားဥပဒေအား အတိအကျ လိုက်နာကျင့်သုံးရန်။(တောင်ဇလပ်)

Comments