ထိုင်းတွင် ဆန္ဒပြမှုများကြောင့် လမ်းများ ပိတ်ဆို့

၂၀၀၉၊ဧပြီ၊၁၀ရက်

ထိုင်းနိုင်ငံ ၀န်ကြီးချုပ်ဟောင်း သက်ဆင်အား ထောက်ခံသည့်ထောင်ပေါင်းများစွာသော ဆန္ဒပြသမား
များသည် ယမန်နေ့က မြို့တော်၏လမ်းများပေါ်တွင် ကြပ်ပိတ်နေသဖြင့် အသွားအလာများ ရပ်ဆိုင်းလုနီးပါးဖြစ်ခဲ့
သည်။ ၀န်ကြီးချုပ် အဘီဆစ်၏အစိုးရသည် တရားမ၀င်သဖြင့် နုတ်ထွက်ပေးရန် တောင်းဆိုကြသည်။ သောကြာ
နေ့တွင် ပတ္တရားဒေသ၌ အာဆီယံအစည်းအဝေး ကျင်းပရန်ရှိသည်။ ဆန္ဒပြသူများသည် ၎င်းအစည်းအဝေးပျက်
ပြားရန် ရည်ရွယ်၍ အစည်းအဝေးကျင်းပမည့် ဟိုတယ်သို့ သွားရာလမ်းကို ပိတ်ဆို့ဆန္ဒပြကြမည်ဖြစ်သည်။အစိုးရ
အဖွဲ့ကမူ အစည်းအဝေးကို ဖြစ်သည့်နည်းနှင့် ကျင်းပမည်ဖြစ်သည်။ ဆန္ဒပြသူများကိုနည်းမျိုးစုံဖြင့်ထိန်းချုပ်သွား
မည်ဖြစ်သည်။ အကြမ်းဖက်မှုများရှိပါက လိုအပ်သလိုအရေးယူသွားမည်ဟု သက်ဆိုင်ရာမှပြောဆိုသည်။(ဘီဘီစီ)

Comments