စတုတ္ထအကြိမ် ရွှေ့ပြောင်းအလုပ်သမားရုပ်ရှင်ပွဲတော် ကျင်းပမည်

ကိုဝိုင်း(မိုးညှင်း)
ဧပြီလ ၅ ရက် ၊ ဆိုးလ်မြို့။

စတုတ္ထအကြိမ် ရွှေ့ပြောင်းအလုပ်သမား ရုပ်ရှင်ပွဲတော်(Migrant Worker Film Festival-2009: MWFF-2009) ကိုမကြာမှီ ကျင်းပသွားမည်ဖြစ်ကြောင်းနှင့် ၊ ပွဲတော်ကို ကမ္ဘာ့ရေစီးကြောင်းတွင် လိုက်ပါနေကြသည့် ရွှေ့ပြောင်းအလုပ်သမားများအတွက် တစ်ဖက်တစ်လမ်းမှ အကျိုးဖြစ်ထွန်းစေရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း ၊ ပွဲတော်တွင် ရွှေ့ပြေင်းအလုပ်သမားများကိုယ်တိုင် ဖန်တီးထုတ်လုပ်ထားသည့် ဘဝသရုပ်ဖော် ဇာတ်လမ်းများ ၊ အလုပ်သမားအရေးလှုပ်ရှားမှု ၊ ရိုးရာ ယဉ်ကျေးမှု ၊ လုပ်ငန်းခွင်အကျိုးပြု ၊ ဖျော်ဖြေရေး စသည့် အစီအစဉ်များ ပါရှိမည်ဖြစ်ရာ ၊ စိတ်ပါဝင်စားသည့် မြန်မာနိုင်ငံသားများအနေဖြင့် အနုပညာ ဖန်တီးတင်ဆက်လိုသူများ သို့မဟုတ် ဖျော်ဖြေရေးအစီအစဉ်တွင် ပါဝင်လိုသူများ အနေဖြင့် ရွှေ့ပြောင်းအလုပ်သမားအသံလွင့်ဌာန(MWTV)သို့ဆက်သွယ်နိုင်ကြောင်း သိရသည် ။

ထို့ပြင် ၊ ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားနိုင်ရေးအတွက် ၊ ယခင်နှစ်ကကဲ့သို့ ပင် ဒေသဆိုင်ရာ ပွဲတော်ကျင်းပရေးကော်မတီများကိုလည်း မကြာမီ ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည် ။

Comments