အင်ဒိုနီးရှားနိုင်ငံ ပါပူးဝါးနယူးဂီနီကျွန်း၊မြန်မာဒုက္ခသည်များ

လျာ လက် တာန်

မြန်မာစစ်အစိုးရ၏ ဖိနှိပ်မှုများကြောင့် နိုင်ငံတကာအနှံ့ ပြန့်ကျဲထွက်ခွာနေရသော မြန်မာလူမျိုးများစွာထဲမှ အင်ဒိုနီးရှားနိုင်ငံပိုင် ပါပူးဝါးနယူးဂီနီကျွန်းဒုက္ခအကြီးအကျယ် ကြုံတွေ့နေရသော မြန်မာလူမျိုးများ၏သတင်း
ကို12.3.09 ညနေ ၅ နာရီ အချိန်တွင် ကာယကံရှင်တဦးဖြစ်သူ ကိုမျိုးထက်မှ ဖုံးသတင်းပေးပို့ခဲ့ပါသည်။

၎င်း၏ပြောကြားချက်အရ မြန်မာလူမျိုး ၄၄ ဦးတွင် ၂၁ ဦးမှာ ၀မ်းလျှောရောဂါကြောင့် သေဆုံးခဲ့ရပြီး ၁၈ ဦးမှာငါးဖမ်းသင်္ဘောတစီးမှပစ်ခတ်သဖြင့်သေဆုံးပြီးကျန်၅ဦးမှာအင်ဒိုနီးရှား(လ၀က)မှ ဖမ်းဆီးထားသည်ဟု ကြားသိရပါသည်။ ကိုမျိုးထက်၏ လျှို့ဝှက်ဆက်သွယ်ရသော အခြေအနေအရအထောက်အထားစုံလင်
အောင်မပြောကြားနိုင်သဖြင့် နီးဆက်ရာ မီဒီယာ အသိုင်းအ၀ိုင်းများမှ စုံစမ်း၍ သတင်းဖော်ထုတ်ပေးကြပါ
ရန်တင်ပြလိုက်ပါသည်။

Comments