ဖရီးဒေါင်း နယူးဂလုပ်(စ်)
မြန်မာတယ်လီပို့ ၏အင်တာနက်လိုင်များနှေးကွေးတော့မည်ဆိုသည့် သတိပေးချက်
International Internet Backbone Fiber Optic Cable ပြင်ဆင်ရန်အတွက် အင်တာနက်
ချိတ်ဆက်မှုများ နှေးကွေးသွားစေမည် ဟူဆိုသည့် မြန်မာတယ်လီပို့ ၏ သတိပေးချက်တစ်ရပ်မှာ
ယနေ့ ရန်ကုန်မြို့ ရှိ အင်တာနက်သုံး စွဲသူများကြားတွင် အထိတ်တလန့် ဖြစ်ခဲ့ရသည်။
ငါးရက်ကြာမည့် ထိုနှေး ကွေးမှုကို မြန်မာတယ်လီပို့ က SEA-ME-WE3 ပြုပြင်ရန် အတွက်ဟုအကြောင်းပြသော် လည်း ပြည်တွင်းနိုင်ငံရေး မငြိမ်မသက်မှုများနှင့် မတ်လ ၂၇ ရက်တော်လှန်ရေးအခမ်းအနား နီးကပ်လာသောကြောင့်ဖြစ်နိုင်ကြောင်း သုံးသပ်ကြသည်။
“တခါတလေပြည်တွင်း မှာ နိုင်ငံရေးလှုပ်လှုပ်ရှားရှား ဖြစ်လာရင် အဲလိုလိုင်းတွေနှေးသွားရော အဲဒါအမြဲပဲ အခုလဲ ဒီနှစ်ပတ်အတွင်းမှာ မော်လမြိုင်နဲ့ ရန်ကုန် မှာ ဆန္ဒပြ တာတွေဖြစ်လာတော့
သူတို့ ပြန်ကျပ်ထားတဲ့ သဘောပေါ့ ရွှေဝါရောင် လို အဖြစ်မခံနိုင်တော့ဘူလေ”ဟု ရန်ကုန်ရ
ဆိုင်ဘာ ကဖေးဖွင့်ထားသူ တစ်ဦးကပြောသည်။
ယခင်က လည်းထိုကဲ့သို့ အင်တာနက်လိုင်းများ နှေးကွေးမည် ဟု ရက်အတိအကျဖြင့် ထုတ်ပြန်
ခဲ့သော်လည်း သတ်မှတ်ရက်ထက် ပိုကာ ခုနှစ်ရက်ရှစ်ရက် ထိကြာခဲ့ခြင်းများရှိသည်။
မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် အင်တာနက်ဆင်ဆာဖြတ်တောက်မှုအဆိုးဝါးဆုံးနိုင်ငံများစာရင်း
တွင်ပါဝင်ပြီး ၂၀၀ရ နှစ်ရွှေဝါရောင် တော်လှန်ရေး ဖြစ်ပွားစဉ်က တတိုင်းပြည်လုံးရှိ အင်တာနက်
လိုင်းများအားလုံးဖြတ်တောက်ခဲ့ သည်။

Comments
Post a Comment