ရောင်းရန်ရှိသည်(၂၀၁၀ သစ္စာဖောက်များ)

ယခု နအဖ၊ အရင်တုန်းက န၀တ။ သူတို့အကြောင်းကို နိုင်ငံရေးသမား၊ တော်လှန်ရေးသမား၊ ပညာရှင်၊ ပြည်သူလူထု အားလုံး သိသားပဲ။ ၁၉၉၀-ခုနှစ်ရွေးကောက်ပွဲလုပ်တယ်။ နိုင်တဲ့သူကို အာဏာလွှဲမယ် ဆိုပြီးမလွှဲဘူး။ အခြေခံ ဥပဒေအတွက်အတည်ပြုတယ်ဆိုပြီး၊ လူထုဆန္ဒခံယူပွဲလုပ်တယ်၊ မဲထည့်ခိုင်းတယ်၊ မဲလိမ်တာ မမြင်ချင်မှအဆုံး၊ လူတိုင်းသိတယ်။ နိုင်ငံတကာ ကလည်းသိတယ်။ ဟောကြည့်...လိမ်တဲ့ မဲ နိုင်သွားလုံးအခြေခံဥပဒေကို ကိုယ့်ဟာ ကိုယ် အတည်ပြုတယ်။ ဘယ်သူမဲပေး မပေးပေး၊ ဘယ်သူထောက်ခံမခံ၊ ဂရုမစိုက် သူတို့လုပ်ချင်တာကိုလုပ်တယ်။ ပြီးတော့ ၂၀၁၀-ရွေးကောက်ပွဲလုပ်မယ်။

၂၀၁၀-ရွေးကောက်ပွဲလုပ်မယ်ဆိုတော့ ပြင်ပမှာရောက်နေတဲ့ တော်လှန်ရေးသမား၊ ပညာရှင်၊ ဟိုရောင်ရောင် ဒီရောင်ရောင် အချောင်သမား တွေက ဟန်ရေးတပြင်ပြင်၊ ငါတို့များ နေရာရလေမလား၊ ပြည်တော်ပြန် ရလေမလား ဆိုပြီး၊ နအဖက ဘာမှမပြောရသေးဘူး၊ ကျနော်တို့ကတော့ အသင့်ပဲဆိုပြီး ပေါ်တင် တမျိုး၊ လေပေါ်ကတမျိုး လုပ်နေတာ မကြားချင်တဲ့အဆုံး။

အဲဒိအထဲမှာ ပြည်ပက Master တို့ P.H.D တို့ရထားတဲ့လူတွေက အကဲဆုံး။ သူတို့ကိုသူတို့ ပညာတက်လှပြီထင်နေတယ်။ Master လား ရတယ်။ အများဆုံးတစ်နှစ်ပဲ သင်ရတယ်။ P.H.D လားရတယ်။ သုံးနှစ်ပဲ လူတစ်ယောက်ကို အချိန်ပေး။ Master P.H.D ရတိုင်း၊ ဘိုလို ရှလွတ်လွတ်ရတိုင်း ၊ ပညာရှင်ဆိုတိုင်း အထင်ကြီးစရာမရှိဘူး။ အနူတောက၊ လူချော လုပ်ရင်တော့ မပြောတက်ဘူး။

နောက်ထပ် ၂၀၁၀-ရွေးကောက်ပွဲကိုအားခဲတဲ့သူတွေက စီးပွားသမားရောင်ရောင်၊ နိုင်ငံရေးသမားရောင်ရောင် လူတွေပဲ။ အရင်တုန်းကတော့ ငါမှငါ။ သုံးပွင့်ဆိုင်မှ သုံးပွင့်ဆိုင်၊ Dialouge လာတော့ Dialouge။ ၉၀-ရွေးကောက်ပွဲရလာဒ်မှ မရရင်၊ သေတော့မဲ့မျက်နှာနဲ့။အခုတော့ အဲဒါတွေကိုဘေးချိတ်ပြီး၊ အားလုံးကိုသစ္စာ ဖောက်ဖို့အတွက် ရန်သူနဲ့ ပူးပေါင်းတော့မယ်။ ပေါင်းမဲ့သူတွေကိုပြောရရင် သစ္စာဖောက်တွေပဲ။

ဒီမှာပြောချင်တာက ရွေးကောက်ပွဲဝင်ဖို့ ရုပ်ပိုင်းကော စိတ်ပိုင်းကော ထောက်ခံသူအားလုံးကို။ နှစ်ပေါင်း နှစ်ဆယ် ကြာအောင် အလိမ်ခံနေရတာကိုသိရဲ့  သားနဲ့များ ရွေးကောက်ပွဲ ၀င်ဖို့ ပြောရက်သေးတယ်။ ထောက်ခံ ရဲသေးတယ်။ အုံးနှောက်ကောရှိသေးရဲ့  လား။ဘယ်လို Creative Thinking ပဲပြောပြော၊ ဘာပဲဆိုဆို ၂၀၁၀-ရွေးကောက်ပွဲကို ၀င်ဖို့ ထောက်ခံဖို့ အတွက်တာဆူတဲ့ တော်လှန်ရေးသမား၊ နိုင်ငံရေးသမား၊ ပညာရှင် အာလုံး ပြည်သူ့သစ္စာဖောက်တွေပဲ။ နအဖ တောင် ဘာမှတရားဝင်ထုတ်ဖော်ပြောတာ၊ ကမ်းလှမ်းတာ မလာသေးဘူး၊ ဖင်တရွရွနဲ့။ ဘာ..ကောင်တွေလည်း မသိဘူး။မယုံရင်ကြည့် နအဖလား ရွေးကောက်ပွဲကို သူတို့ပဲနိုင်အောင်လုပ်အုံးမယ်။ သူတို့ပဲဆက်အုပ်ချုပ် အုံးမယ်။ စစ်ဗိုလ်ဆိုတာ ဘယ်တော့မှ အရပ်သားတွေကို အထင်ကြီးတဲ့ စိတ်မရှိဘူး။

သူတို့လဲ ဘယ်တော့မှ အရပ်သားတွေခိုင်းတာကို လုပ်မှာမဟုတ်ဘူး။ ၂၀၁၀-အတွက် ကျနော်တို့ရဲ့ သမိုင်းပေးတာဝန်က ဆန့်ကျင်ရေး၊ မထောက်ခံရေး ပဲဖြစ်တယ်။ ပြည်သူဘက်က ရပ်တည်မယ်ဆိုတဲ့ တော်လှန်ရေးသမားတွေ၊ နိုင်ငံရေးသမားတွေ ထောက်ခံရင်တော့ သစ္စာဖောက်တွေအဖြစ် သတ်မှတ်ရမှာပဲ။

88people power group မှကူးယူသည်။

Comments