ငါးသောင်းတန်ဝမ် ငွေစက္ကူ ထုတ်မည်။

လျာ လက် တာန်

YTN သတင်းအရ လာမယ့် ၂၀၀၉ခုနှစ်၊ ၆ လပိုင်းလောက်မှာကိုရီးယားငွေစက္ကူ ၀မ် ၅၀၀၀၀ (ငါးသောင်း)တန်ကို ထုတ်ဝေတော့မယ်လို့
၂၅.၂.၂၀၀၉ ရက်နေ့က တရားဝင် ကြေငြာလိုက်ပါတယ်။ အဲဒီ ၀မ်ငါးသောင်းတန်ငွေစက္ကူမှာ ဂျိုဆောင်ခေတ်က အမျိုးသမီးသူရဲကောင်း
ရှင်းဆာအင်ဒန်း၊င်၊(신사임당)ရဲ့ ပုံတူကို ရိုက်နှိပ်ထားပြီး ၊ ငွေစက္ကူရဲ့ အဓိကအရောင်အဖြစ် အ၀ါရောင်ကို အများဆုံး အသုံးပြုထား
ပါတယ်။

အရွယ်အစားမှာ အလျှား ၁၅၄ မီလီမီတာနဲ့ အနံ ၆၈ မီလီမီတာ ဖြစ်ပါတယ်။ အဆိုပါ ၀မ်ငါးသောင်းတန်ဟာ အသစ်ထွက်ပေါ်လာခဲ့တဲ့ အစိမ်းရောင် ၀မ်တစ်သောင်းတန်ထက် အလျှား ၆ မီလီမီတာ ပိုရှည်ပြီး၊ အနံကတော့ အတူတူပဲ ဖြစ်ပါတယ်။

ကိုရီးယားနိုင်ငံရဲ့ အမြင့်ဆုံးငွေကြေးယူနစ်ဖြစ်တဲ့ ၀မ်တစ်သောင်းတန်ကို ၁၉၇၃ခုနှစ်ကတည်းက ထုတ်ဝေအသုံးပြုခဲ့ကာ၊ စတင်ထုတ်ဝေခဲ့တဲ့ အချိန်ကစလို့ နှစ်ပေါင်း ၃၆နှစ်အတွင်းမှာ ကုန်ဈေးနှုန်းဟာ ၁၂ ဆ မြင့်တက်လာပြီး၊ ပြည်သူ့ဝင်ငွေဟာလည်း အဆ ၁၅၀ ထိ မြင့်တက်လာခဲ့ပေမယ့် အမြင့်ဆုံးငွေကြေးယူနစ်ဟာ ၀မ်တစ်သောင်းပဲ ရှိခဲ့ပါတယ်။ ထို့ကြောင့် ငွေစက္ကူလိုအပ်ချက်အရ ၀မ်တစ်သိန်းတန် ချက်လက်မှတ်ကို အများဆုံး အသုံးပြုလျှက် ရှိပါတယ်။

ယခုအခါ အမြင့်ဆုံး ၀မ်ငါးသောင်းတန် ထွက်ပေါ်လာမှာဖြစ်သလို၊ လက်ရှိ အနိမ့်ဆုံး ငွေကြေးယူနစ်များဖြစ်တဲ့ ၁၀ ၀မ်၊ ၅၀ ၀မ်တန် ငွေအကြွေစေ့များ ကွယ်ပျောက်သွားပြီး၊ ၀မ် ၁၀၀ တန် ငွေအကြွေစေ့ကို အနိမ့်ဆုံးအဖြစ် အသုံးပြုနေကြရတာကို တွေ့ရပါတယ်။ အစက ၀မ်တစ်သိန်းတန် ငွေစက္ကူကိုပါ အတူတူ ရိုက်နှိပ်ထုတ်ဝေဖို့ ရည်ရွယ်ခဲ့ပေမယ့်၊ အဆိုပါသတင်းမှာ ၀မ်ငါးသောင်းတန်ကိုသာ
ထုတ်ဝေအသုံးပြုမယ်လို့ ကြေငြာခဲ့ပါတယ်။

အဆိုပါ ၀မ်ငါးသောင်းတန်ဟာ ငွေစက္ကူမှာ အမျိုးသမီးပုံကို ပထမဆုံးရိုက်နှိပ် ထုတ်ဝေတာဖြစ်တာကြောင့် အာရှမှာ အမျိုးသမီးခေတ် ဖြစ်လာတော့မယ်လို့ ယူဆသူတွေ ရှိနေကြသလို၊ ယခုလို ၀မ်ငါးသောင်းတန် ထုတ်ဝေရတာဟာ ကိုရီးယားအခြေခံလူတန်းစားတွေ ချမ်းသာလာတာကြောင့် မဟုတ်ပဲ၊ သူဌေးတွေသာ ချမ်းသာပြီးရင်း ချမ်းသာလာတော့မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

ငွေစက္ကူပုံများကြည့်လိုပါက အောက်ပါလိင့် ကို ကော်ပီယူပြီးရှုစားနိုင်ပါသည်။

http://blog.naver.com/lakemoon0607?Redirect=Log&logNo=70042898543

Comments