၆၁နှစ်ပြည့် ချင်းအမျိုးသားနေ့

လျာ လက် တာန်
ကိုရီးယား


၆၁နှစ်ပြည့် ချင်းအမျိုးသားနေ့ကို ချင်းလူမှုရေးအသင်း(ကိုရီးယား)ကကြီးမှူးကျင်းပရာ ၂၀၀၉၊ဖေဖေါ်ဝါရီလ၊၂၂ ရက်ဒေသစံတော်ချိန် ညနေ၃း၃၀ မှ ၅း၃၀ အထိ တောင်ကိုရီယားနိုင်ငံ ပူချွန်းမြို့ ခရစ်ယာန်ဘုရာရှိခိုးကျောင်းတွင်စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။

ထိုအခမ်းအနားကို ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံတိုင်းရင်းသားများနှင့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ကိုရီးယား၊ ဘားမားအက်ရှင်(ကိုရီးယား)၊ မြန်မာအသင်း၊ မွန်အသင်း၊ ကရင်မိတ်သဟာယ၊ အင်ဂျီအိုများ၊ အဖွဲ့အစည်းအသီးသီး တက်ရောက်ကြကာဂုဏ်ပြုသဝဏ်လွှာနှင့်စကားများပြောကြားခဲ့ပါသည်။

ကိုရီးယားရောက် ချင်းတိုင်းရင်းသားများနှင်ဖိတ်ကြားထားသည့်ဧည့်သည်များအပါအ၀င် (၁၅၀)ကျော် တက်ရောက်သော အခမ်းအနားကို ချင်းလူမျိုးခရစ်ယာန်တရားဟောဆရာဦးပေါင်ဆောင်းမ်မှ ဆုမွန်ကောင်းတောင်းကာ ဖွင့်လှစ်ပေးပါသည်။

ချင်းလူမှုရေးအသင်း(ကိုရီးယား)ဥက္ကဌမှ အမှာစကားပြောကြားပြီး၊ဒုဥက္ကဌ ပူထန်ခတ်ဖုန်းက ချင်းအမျိုးသားနေ့ဖြစ်ပေါ်လာပုံကို တက်ရောက်လာသောဧည့်သည်တော်များကို အကျယ်တဝန်း ရှင်းလင်းတင်ပြပြီး၊ ချင်းအမျိုးသားကောင်စီက ထုတ်ပြန်သော၆၁နှစ်ပြည့် ချင်းအမျိုးသားနေ့ သဝဏ်လွှာကို ဖတ်ကြားခဲ့ပါသည်။

ထိုအခမ်းအနားကို ညနေ ၅း၃၀တွင် ဆရာတော် ဦးစီထားမှကောင်းကြီးပေးခြင်းဖြင့် ရုတ်သိမ်းကာဖိတ်ကြားထားသောဧည်သည်တော်များကို ညနေစာဖြင့် တည်ခင်းကျွေးမွေးခဲ့ပါသည်။

Comments