အခမဲ့ ဆေးကုသမှု အစီအစဉ်များ

ရွှေ့ပြောင်းအလုပ်သမားတို့အတွက် အခမဲ့ဆေးကုသမှုအစီအစဉ်များ

Yonsei University, College Of Dentistry သွားဆရာဝန်များအသင်း(해우회)က ၊ MAITRI ခေါ် ဂျိုဂဲဆာ ရွှေ့ပြောင်းအလုပ်သမားများ ကူညီရေးဆင်တာနှင့် ပူးတွဲလျက် ၊ ကိုရီးယားနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားတို့အတွက် ၊ အခမဲ့သွားဆေးကုသမှုအစီအစဉ်ကို ၂၀၀၉ခုနှစ် ပြက္ခဒိန်နှစ်အတွင်း အောက်ဖေါ်ပြပါနေ့ရက်များတွင် ဖွင့်လှစ်ကုသပေးသွားမည်ဖြစ်ကြောင်းသိရသည်-

- မတ်လ ၈ ၊၂၂
- ဧပြီလ ၅
- မေလ ၁၀ ၊ ၂၄
- ဇွန်လ ၇
- စက်တင်ဘာလ ၆ ၊၂၀
- အောက်တိုဘာလ ၁၁
- နိုဝင်္ဘာလ ၈ ၊ ၂၂
- ဒီဇင်္ဘာလ ၆
- အချိန်မှာ- နေ့လယ် ၁ နာရီ မှ ညနေ ၅ နာရီ အထိ
ကုသပေးမည့် ရောဂါဝေဒနာများ
- သွား ကိုက်ခြင်း၊ သွား နာခြင်း၊ သွား နှုတ်ခြင်း၊ သွား ဖာခြင်း၊ သွား ဖုံးရောင်ခြင်း၊ သွား ခြစ်ခြင်း
နေရာမှာ-MAITRI, Jogyesa Temple အနီး ။
လမ်းညွန်-
- မြေအောက်ရထားအမှတ်(၁)လိုင်း ၊ချောင်း ဂ (jong Gak Station) ဘူတာ ထွက်ပေါက်အမှတ်(၂)တည့်တည့် မီတာ ၁၀၀ခန့်။
လမ်းညွှန်တွေ့လျင် ၊ လမ်းအတွင်းသို့ မီတာ ၅၀ ခန့်လျှောက်ပါ ။ 조계사불교대학ဘေးရှိ (조계사외국인노동자지원센터) MAITRI အဆောက်အဦးဖြစ်သည် ။
Photobucket

Comments